အာကာတစ်ခွင်အုံ့အုံ့မှိုင်းလို့
ရွာလိုက်ပေါ့မိုးဒေဝါရေ
ဟေးဟေးဝေလေလေ....
ကန်ရေရယ်ဖွေးဖွေး
မိုးရိပ်တွေလေအသွေးမှာလ
ငယ်ရင်းတွေတူတူဆော့ရအောင်
မောင်ဖေငယ်ဘောလုံးပိုက်ကာပ
ရွာထိပ်ကကွင်းပြင်ကိုပြေးကာလေလှမ်းတော့
အချမ်းကိုယ်လုံးအပြုံးမျက်နှာတွေတစ်စု
အဖော်ပြုကာလုံးခြာလည်ဆော့တော့
မိုးတွေရယ်တစ်အုံးအုံး....
မှတ်ချက်......ဘာရယ်မဟုတ်ပါဘူး ခုတလောမိုးက ဒီမှာ တော်တော်လေးကိုရွာပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ချိန်းတော့လည်း မသွားချင်မလာချင် ကိုကိုယ်တိုင်ကလည်း ခပ်ပျင်းပျင်းဖြစ်နေခိုက် ငယ်ငယ်ကအကြောင်းလေးတွေးပြီး ရေးဖြစ်သွားတဲ့ကဗျာလေးပါ ။ :)
4 comments:
အေးလေ....ကဖိုးကြယ်ရေ....၊မိုးကလည်း စနေညနေကတည်းကရွာလိုက်တာ၊
ဒီတနင်္ဂနွေတစ်နေ့လုံး အိပ်လိုက်၊ကွန်မှာ မျက်နှာအပ်လိုက် နဲ့ အပျင်းတယ်ထူ
လို့ကောင်းသကိုး....:)။ကဗျာလေးဖတ်ရတော့ ကလေးဘဝကိုလွမ်းစရာ....။
အင်း ....မိုးတွေကို ချစ်သလို မိုးတွေရွာရင် ပျော်တတ်ပေမဲ့
လောလောဆယ်တော့ မိုးမိထားလို့ နေသိပ်မကောင်းဘူး
ဖိုးကြယ်ရေ။ ဟုတ်တယ်..မိုးတွေရွာနေတော့ အပြင် သိပ်မထွက်ဖြစ်ဘူး။
မိုးသံတွေ တအုန်းအုန်းအောက်မှာ ခေါင်းအုန်းလေးအုန်းပြီး နှပ်နေပြီဝေ။ :)
..ခင်မင်လေးစားလျှက်..SO COOL :)
မိုးတွေ တအုံးအုံးပဲလားဗျာ
ဒီမှာတော့ နှင်းတွေ တအုံးအုံး
မိုးတွေ တအုန်းအုန်းမှာ လူတွေ တရုန်းရုန်းပျော်ကြတာ ဖတ်ရတာတောင် ပျော်သွားတယ်..
ခုရော ဘောလုံးထွက်မကန်ဘူးလား
ကွန်ပျူတာနဲ့ဘဲ လေကန်မနေနဲ့လေး)
Post a Comment