စိတ်ကိုလွင့်နေအောင်ပင့်တင်ထားရင်း
ဒုတိယံပိဝင်သက်ထွက်သက်မှာ
ကိုယ်တိုင်ဖောက်ခဲ့တဲ့လမ်းကလေး
ငါလည်ပြန်ငေးရင်ဖေးမမယ့်ငါ့အတွေး
စက္ကူလှေလေးတွေလည်းတစ်လူလူလွင့်နေတယ် ။
ရှေ့ဆက်လျှောက်ရင်ပွင့်မယ့်ရောင်နီချို မြမြ
စိတ်ကူးအချီအချမှာသက်ဝင်လှုပ်ရှားနေတဲ့
ငါ့ခြေလှမ်းတွေဆိုတာ
ရက်လနှစ်တွေရဲ့မပျက်တဲ့ဆက်ထုံးတွေပေါ့ကွာ ။
ယုံကြည်ချက်တွေသာအတောင်ပေါက်ရင်
သန်းခေါင်ယံတွေအောက်လည်း
ငါ့ကမ္ဘာဒုတ်ဒုတ်ထိအလင်းပေါက်နိုင်ရဲ့
နောက်ဆုံးတော့ငါမရောက်နိုင်သေးတဲ့ငါ့အနာဂါတ်အတွက်
အတောက်ပဆုံးလင်းပြီးနှင်းတွေနဲ့အတူပျံသန်း
ဟောဟိုကမ္ဘာသစ်ပြတင်းတံခါးဆီ
အလင်းဘယ်နှစ်သန်းဝေးဝေးပေါ့....... ။
3 comments:
သိပ်လှတယ်....၊ကိုယ်တော့မပျံတော့ဘူး.....၊ညောင်းလို့:)
ဒုတ်ဒုတ်ထိ အလင်းပေါက်...ဆိုတဲ့
အဖွဲ့လေး သိပ်ကောင်းဗျာ
အလင်းနှစ်နဲ့ မပျံခင် သတင်းတွေကြားနေတယ်
ကမ္ဘာပျက်တော့မယ် ဆိုပါလား
ကဲဒီတော့ ကဗျာချည်း ရေးမနေနဲ့
ချစ်သူနဲ့ အချိန်ကုန်ဖို့ ကြိုးစားဦးး)
Post a Comment