အစရှာမရတဲ့ စကားလုံးပျက်ကပ်ထဲမှာ
ကဗျာတွေလေ သေငယ်ဇောနဲ့ မျောနေလိုက်ကြတာ
ကကြိုးကကွက်ပျက်တဲ့ မင်းသမီးတစ်လက်လိုပ
ဒုက္ခနဲ့သုခကိုအရောင်တင်ဖို့
စကားလုံးတွေကိုဆူးထိုးရင်း
မိုးစင်စင်လင်းခဲ့ရပေါင်းများပြီ.....။
ဒီလိုနဲ့ပဲ
မုန်တိုင်းက လေကိုဗဟိုပြုတော့
ငါ့ကဗျာတွေဘယ်ကိုခြေဦးတည့်ရပါ့.......။
လက်ဖျားမှာကဗျာမသီးတာကြာပြီ
ခါခါချတိုင်းလက်ကြားကရေယို
ဆင့်ပါးစပ်နှမ်းပက်နေသလို
တစ်ပိုင်းတစ်စကဗျာတွေလည်း အိုအိုသွားကြ
ဟောဒီမှာဗျ......
စကားလုံးပျက်ကပ်ထဲ
ရေးလို့မရတဲ့ကဗျာလည်းပါသေးတယ် ။