ပြန်ပြီလား သူငယ်ချင်း....
ခရီးပြင်းနှင်ခြင်းသီဝရီမှာ
အပြန်ဟာ အစဖြစ်နိုင်သလို
အလာဟာလည်း အစဖြစ်နိုင်တယ်။
ပြန်ပြီလား သူငယ်ချင်း....
ချစ်ခြင်းဖွဲ့သီဝရီမှာ
ကမ္ဘာလည်တာ မလည်တာထက်
စိတ်ကူးတွေ ရွာမလည်စေနဲ့။
ပြန်ပြီလား သူငယ်ချင်း....
ရာသီစာသီးပွင့်မှုတွေထဲမှာ
ခါတော်မှီလင်းလာတဲ့ပန်းတို့ရဲ့
ဂုဏ်ရောင်ဖွဲ့သီချင်းသံတွေထဲ
မင်းမပျော်ဝင်မိပါစေနဲ့။
ပြန်ပြီလား သူငယ်ချင်း....
ဘ၀ဟာဆုံးမသွားသေးသလို
ကုန်းရုန်းပြီးလျှောက်ရမှာတွေလည်းရှိရဲ့
မင်းဟာမင်း ငါကငါ
မင်းကမ္ဘာ ငါ့ကမ္ဘာမတူပေမယ့်
မင်းရွာနဲ့ငါ့ရွာဟာ တစ်ခုတည်းပဲ။
ပြန်ပြီလား သူငယ်ချင်း....
ခရီးပြင်းနှင်ရင်း နှင်ရင်း
ရောင်နီအလင်းမှာ
သက်ပြင်းတွေကင်းဝေးပါစေ သူငယ်ချင်း။
ပြန်နှင့်သူငယ်ချင်း ပြန်နှင့်....
ငါမရောက်နိုင်သေးတဲ့ မိုင်တိုင်မှာစောင့်ရင်း
ဘ၀အတွက် လင်းနိုင်သလောက်လင်းပြီး
မင်းရဲ့နံနက်ခင်းတွေနဲ့အတူ
လူလားမြောက်နိုင်ပါစေ သူငယ်ချင်း။ ။
(ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာနိုင်ငံကို အပြီးပြန်သွားပြီဖြစ်သော သူငယ်ချင်းသို့ အမှတ်တရ)
4 comments:
အော်....သင်းက လူလားမမြောက်သေးဘူးလား....၊ထင်တော့ထင်သား.....
သင်း ကိုကြည့်ရတာ ကလေးသာသာပါလို့...... :P
ပြန်တဲ့သူပြန်
သွားတဲ့သူသွား
သံသရာလည်နေတဲ့ ခရီးသွားတွေများ..
ဒါပျိုမွန်လေးပါဗျို့  ... သတိရပါတယ်လို့  ...... :P
Post a Comment