ကျွန်တော် အများကြီးမတောင်းတပါဘူး မေမေ...ရေတစ်ပေါက်စာလောက် အေးရရင်တော်ပါပြီ။ လူတွေအများကြီးထဲက တခါတခါ ကျွန်တော်ပျောက်နေတတ်တယ်။ တကယ်ကိုတစ်ယောက်ထည်း မျက်ရည်မိုးတွေ သည်းမိမယ်မေမေ။ ကျေးဇူးပြုပြီး ပွင့်အန်ထုတ်ခွင့်ပေးပါ။ ဘယ်ညာ မကြည့်ပါနဲ့ဘယ်ကမ္ဘာကမှ လာမကူဘူး။ ကျွန်တော်မညူစူမိပါဘူးမေမေ။ ဖြစ်နိုင်ရင်ရေလေးတစ်ခွက်ထည်းပါ။ နေ့ရက်တွေတိုင်းက အပြိုင်းအရိုင်းဖူးပွင့်ကြတယ်။ ကျွန်တော်ဘာနဲ့နှိုင်းရပါ့။ စကားလုံးမဲ့တဲ့ကောင်းကင်တဲ့လား။ ကျွန်တော်မသိချင်ဘူး။ ပြန်ယူသွား ပြန်ယူသွား အဲဒီဂစ်တာကိုပြန်ယူသွား။ ကျွန်တော့ကို မိုးရေတောထဲထားခဲ့။ အရာရာရေငုံနှုပ်ပိတ် တခါးပိတ်ပြီး အိပ်လိုက်တော့။ လေးဖြူလည်းမသိချင်ဘူး ကိုရွေးရဲ့ ကြည်လင်သောရေတံခွန်လည်း ထားခဲ့လိုက်။ အလိုလိုက်တိုင်းလည်း ကျွန်တော် အမိုက်မစော်ကားခဲ့မိဘူး။ ကိုပိုင်စိုးဝေ ကျွန်တော်ခင်ဗျားကို လေးစားပါရဲ့။ ဒါပေမယ့် ကျွန်တော့် ကြယ်တံခွန်က မူးမနေဘူး။ ထူးပဲနေတာ။ လာလာ သားလေး အနာတွေရေးဆေးလိုက်။ ကျေးဇူးပါမေမေ အနာဆိုတာ ဒီလိုကောင်အတွက် သာယာမှုမဟုတ်တောင်မှ ဓာတ်သက်ပါပြီးသားဖြစ်နေပြီ။ ဟူးးး ဘယ်လိုပြောပြော မမောတာခက်တယ်။ မြို့ပြက အနှစ်သာရမရှိဘူး မပြောနဲ့ ကျေးလက်က သာယာတယ်လို့လည်းမပြောနဲ့ အရာရာအားလုံးနဲ့ သဟဇာတမဖြစ်ဘူး မပြောနဲ့ ဘာဆိုဘာမှမပြောနဲ့ ဖြစ်နိုင်ရင် ကျွန်တော်ပါးစပ်ကို ဆွဲသာစိထားလိုက် ထိုအခိုက် ပန်းတို့လှိုင်လှိုင်ပွင့်လိမ့်မယ်။
ကောင်မလေး အတွက် (၉)
-
ကောင်မလေးရေ...တစ်ချိန်ကမင်းရယ်မောရင် ငါ ရယ်မောခဲ့ဖူးတဲ့နွေရက်တွေ၊တို့
နှစ်ယောက် အတွက်ကြမ်းတမ်းခဲ့ဖူးတဲ့မိုးရက်တွေ၊မင်းစိတ်ညစ်လို့ငါလည်း စိတ်
မပျော်ဖြစ်တဲ့ည...
5 weeks ago
4 comments:
ဒါဆိုလဲ ပါးစပ်ကိုပိတ် အိပ်သာအိပ်နေတော့ ငါ့လူ... အိပ်နေချိန်လောက် အေးချမ်းတဲ့ အချိန် မရှိဘူး...
အိမ်း.....ကြုံရင် ဇစ်ဝယ်လာခဲ့မယ်..နင့်ပါးစပ်မှာတပ်ဖို့လေ...(စတာ)
ပျောက်နေတာကြပေမယ့် ထွက်ကျမယ့်ထွက်ကျလာတော့လည်း ကဗျာတွေ
က အပြင်းစားအလန်းတွေပါလားဟ....အကြိုက်ဆုံးကတော့
မြို့ပြက အနှစ်သာရမရှိဘူး မပြောနဲ့ ကျေးလက်က သာယာတယ်လို့လည်းမပြောနဲ့.... ဆိုတာပဲ....။
မောင်ဖိုးကြယ်လေးရေ... ကဗျာလာဖတ်တယ်နော်....။
ပျောက်ရာက တစ်ခါတစ်ခါ ပြန်ပေါ်လာတယ်
စာတွေရေးပါဦး.. ကဗျာလေးတွေဖတ်ချင်သေးတယ်
ပျောက်ပြီးရင် ပြန်ပေါ်လာပါဦးလေ..
Post a Comment