ရာဇဝင်ထဲမှာချပြထားခဲ့တဲ့နေ့ရက်တွေက
လတ်ဆတ်ဆဲသူ့အလှလို
ဟောင်းမသွားတာကိုက
တစ်မျိုးလှနေတာ....။
သူ့ရင်ခွင်ကိုစတေး
သမိုင်းတစ်လျှောက်ကျွေးမွေးပြီး
တစ်သွေးတစ်မွေးလှစေတာလည်း
သူ့ကြောင့်...... ။
ကံကြမ္မာရယ် မမှောက်မှားလိုက်ပါနဲ့
ထောက်ထားစေလိုတဲ့အတွေးတွေနဲ့အတူ
မျှော်လင့်ချက်လေးတွေလည်း
တဒေါက်ဒေါက်ကျလို့.....။
သူ့ကိုကြည့်ရင်း ငါတို့ကိုယ်တိုင်ကိုပြန်ကြည့်ရင်း
တိမ်ခိုးဝေနေတဲ့ မျက်ရည်ရာသီတွေ
ကျင်းပရတော့မှာတဲ့လားကွယ်......။
ဧရာဝတီရယ်.......
တစ်ကယ်တော့နင်ဟာ
အားလုံးထက်ကမြစ်တစ်စင်း
အဲဒီနှင်းခါးတွေမကွဲသ၍တော့
အားလုံးနဲ့အတူတူ
စုန်းကဝေမြူးတဲ့ နှစ်ရူးတွေကို
ဖြတ်.....ဦး.......စို့.........။
8 comments:
ကောင်းလိုက်တဲ့ ဧရာဝတီကဗျာ....။ အစအဆုံးဖတ်ပြီး ကြက်သီးထသွားတယ်.....။
ခင်တဲ့
မိုးငွေ့
ရာဇ၀င်အဆက်ဆက်စီးဆင်းခဲ့တဲ့ မအိုသေးတဲ့ဧရာဝတီကို ပျိုမြစ်ခြင်းတွေပျောက်ဆုံးအောင် လုပ်ရက်ကြတာ ရင်နာစရာ...
သူ့ဖာသာသူစီးဆင်းနေတဲ့ ဧရာဝတီက လူတွေရဲ့ ပယောဂကြောင့်ဘဲ ပျက်သုန်းရမှာ..
တန်ဖိုးမထားရုံမက ဖျက်လိုဖျက်ဆီးလုပ်ရက်ကြတဲ့သူတွေ
ဘာတွေများ ဦးနှောက်ထဲမှာရှိပါလိမ့်လို့စဉ်းစားနေမိတယ်
ကောင်းလိုက်တာညီရာ.....ရင်ထဲကစီလာတဲ့ ဧရာဝတီကို ရင်ဘတ်နဲ့ဖတ်သွား
တယ်.....၊ဧရာဝတီနဲ့အတူ ဒို့တွေစုန်းကဝေမြူးတဲ့ နှစ်ရူးကိုဖြတ်ရတော့မယ်
ကွယ်....:(
ကောင်းလိုက်တဲ့ကဗျာလေး..
ဦးဏှောက်မရှိတဲ့သူတွေကဧရာဝတီကိုဖျက်ဆီးဖို့လုပ်နေကြတာ..
ဧရာဝတီကြီးကို သနားမိတယ်..။
ဧရာဝတီ ကို တကယ် ကြီး သနားမိကြ၇င် စလုံးက လူများ လမ်းပြကြယ် မှာ လက်မှတ်သွားထိုး ကြပါ..။
စက်တင်ဘာ ၇ ၇က်နေ့ နောက်ဆုံးပါ.........
နှင်းခါးတွေ ပျယ်ပါ့မလားတောင် စိတ်ပူမိတယ်။
Post a Comment