ပြီးခဲ့တဲ့လက အလည်ပြန်သွားခဲ့ပါတယ်။ အလည်ဆိုတော့ လည်တာပေါ့။ သွားတယ် ရောက်တဲ့နေရာ စားတယ်။ နောက်ထပ် ထပ်သွားတယ် ထပ်ရောက်တယ်။ ခုတော့တင်လိုက်တော့မယ် :)။ မေးတဲ့သူတွေက မေးကြတယ်လေ။ ဘာမှမတင်ဘူးလားတဲ့။ ရိုက်လာတဲ့ ပုံတွေတင်မယ်လို့ စဉ်းစားလိုက်တယ်။
ကဲ.....တင်ပါပြီ :) ။
ကဲ.....တင်ပါပြီ :) ။
ဒါကတော့ ဂုဏ်ယူစရာ မန္တလေးက ရွှေကျောင်းတော်ကြီးပါ။ ခမ်းနားလှတဲ့ အနုလက်ရာတွေ ၊ နောက် ရှေးမြန်မာ ဗိသုကာပညာရှင်တွေရဲ့ ညာဏ်ပညာ ထက်မြက်ပုံတွေ [ ရှေးမြန်မာတွေနော် :) ] နောက် မြန်မာလူမျိုးတွေရဲ့ ဘာသာတရားအပေါ်ထားတဲ့ ဒါန.... ။
တံခါးတွေ မင်းတုန်းတွေမှာ သံမသုံးပဲ စရွေးကိုက် အပေါက်ဖောက်ပြီး ထည့်ထားတယ်။ အို.....ရင်သပ်ရှုမောဖွယ်ပါပဲ... :)
ဒါကတော့ ရာဇဝင်ထဲက နေရာလေးပါ ။ ငယ်ငယ်ကတည်းက ပုံတွေထဲမှာ တွေ့ဖူးနေကြ နေရာလေးမို့ ရိုက်လာခဲ့တယ်။
ရွှေကျောင်းတော်ကြီး ဆိုတဲ့အတိုင်း ရွှေတွေပိန်းနေအောင်းချထားခဲ့တာ ခုတော့ရသလောက် ကျန်သလောက် ကလေးကိုပဲ ရိုက်လာခဲ့ရတယ်....ဝမ်းနည်းစရာပဲ။ သေခြာကြည့်နော် ပြူးပြီးသာကြည့် မြင်ရလိမ့်မယ် :) ။
ဒါကတော့ ကျောင်းရဲ့အောက်က နေရောင်ကျနေတာ တစ်မျိုးလေးလှလို့ရိုက်လာတာ။
ဒီကျောင်းကြီးကို မန္တလေးက Blogger အစ်မရွှေစင်ဦးနဲ့ မစည်းစိမ် တို့လိုက်ပို့ပေးခဲ့တာပါ။ ကျေးဇူးပါအစ်မတို့ :)။ အခုပိုစ့်ကတော့ ခရီးသွားမှတ်တမ်းအစပေါ့။ နောက်ဆို Europe တို့ UK တို့ရောက်ရင်လည်း ရေးတင်ပါ့မယ်။ ဘယ်တော့လည်းတော့မမေးပါနဲ့ :) ။
4 comments:
ဘယ်တုန်းကပြန်လာလည်သွားတာလဲ....။
ဓါတ်ပုံလေးတွေရိုက်လာတာ လက်ရာမြောက်တယ်...။
နောက်ပုံလေးတွေမျှော်နေမယ်...။
ခင်တဲ့
မိုးငွေ့
ဘယ်တော့လဲဟေ....:D
ဒါ့ပုံလေးတွေမိုက်တယ်....၊ကျောင်းအောက်ကနေရောင်ကျနေပုံကို သဘောကျ
တယ်...၊နောက်ညန်မာပြည်အခြေအနေလေးတွေလည်းရေးပါဦး....:)
(စကားမစပ် ပြာကညိုကို တစ်ယောက်တစ်ဝက်ခွဲယူရမှာတော့မကျေနပ်ဘူး..
နင့်ဘာသာပဲ ယူတော့....:))))
အဲဒီ ကျောင်းတော်ကြီးပုံကို မြင်တိုင်း တချိန်ချိန်မှာ ယိုယွင်းပျက်စီးသွားမှာကို စိုးရိမ်မိတယ်။
ဓါတ်ပုံလေး တွေ ကူးချင်လိုပါ ခင်ဗျာ
Post a Comment