အစရှာမရတဲ့ စကားလုံးပျက်ကပ်ထဲမှာ
ကဗျာတွေလေ သေငယ်ဇောနဲ့ မျောနေလိုက်ကြတာ
ကကြိုးကကွက်ပျက်တဲ့ မင်းသမီးတစ်လက်လိုပ
ဒုက္ခနဲ့သုခကိုအရောင်တင်ဖို့
စကားလုံးတွေကိုဆူးထိုးရင်း
မိုးစင်စင်လင်းခဲ့ရပေါင်းများပြီ.....။
ဒီလိုနဲ့ပဲ
မုန်တိုင်းက လေကိုဗဟိုပြုတော့
ငါ့ကဗျာတွေဘယ်ကိုခြေဦးတည့်ရပါ့.......။
လက်ဖျားမှာကဗျာမသီးတာကြာပြီ
ခါခါချတိုင်းလက်ကြားကရေယို
ဆင့်ပါးစပ်နှမ်းပက်နေသလို
တစ်ပိုင်းတစ်စကဗျာတွေလည်း အိုအိုသွားကြ
ဟောဒီမှာဗျ......
စကားလုံးပျက်ကပ်ထဲ
ရေးလို့မရတဲ့ကဗျာလည်းပါသေးတယ် ။
3 comments:
ဘာတွေဖြစ်နေတုန်း
ပျောက်ချက်သားကောင်းနေတယ်
လက်ဖျားမှာ ကဗျာတွေ သီးပါစေလို့ ဆုတောင်းပေးသွားတယ် နော်
ဟုတ်ပါ့ လက်ကြားကရေက တော့ ယိုပါ့ဗျာ....:)
တပိုင်းတစ်စကဗျာတွေ အိုအိုသွားတာလည်းတူပါ့...:)
သဘောကျတယ်...ရေးလို့မရပေလို့ပဲ....:)
ကြယ်လေးရေ..
နေကောင်းတယ်ဟုတ်။ မဲဇာပြန်နေလို့.. မရောက်ဖြစ်တာ။
ကဗျာတွေ အိုအိုသွားပေမယ့်
ကြယ်တွေ ပိုပိုလက်လာနေဦးမယ်လို့
အစ်မယုံကြည်တယ်လေ..
ရွင်လန်းချမ်းမြေ့ပါစေ။
Post a Comment