စင်ကာပူရဲ့ ဒုတိယအကြိမ် စာပေဟောပြောပွဲ (2010) တုန်းက ဆရာမောင်စိန်ဝင်းက ကဗျာတွေရွတ်သွားခဲ့ပါတယ်။ ခုတတိယအကြိမ်လည်း သွားနားထောင်ဖြစ်တယ်။ ဒါပေမယ့် ဆရာမောင်စိန်ဝင်း ရဲ့ ကဗျာလေးကိုတော့ ဒီနေ့ထိ စွဲနေတုန်းပဲ။ ဆရာကဗျာရွတ်တုန်းကလည်း နားထောင်ရင်း ရင်ထဲမှာ လှိုက်ခနဲ ဖြစ်ခဲ့ရတယ်။ အဲဒါကြောင့် ဒီကဗျာလေးကို အမှတ်တရအနေနဲ့ရော မျှဝေချင်တဲ့အတွက်ပါ blog လေးပေါ်မှာ အတူတူခံစားကြရအောင်ပါ ။
ငှက်တို့၏တေး
မလိုက်ရဲရင်တော့
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော်မာန်တင်းပါကွယ့်
ငှက် ဆိုတာက ပျံရင်းသေ
ကဆုန်စိုင်းသလိုပေါ့
မုန်တိုင်းကရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း
ခြင်္သေ့ကမြက်မစား
ကျားက ကြွက်မချောင်း
ဖွတ်တွေက မိကျောင်းလိုမနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်း
ပျံရင်းသေ ခရီးဆက်မယ်တဲ့
အဲဒါအဲဒါ ငှက်တို့ရဲ့သမိုင်း ။
4 comments:
ကောင်းလိုက်တဲ့ ကဗျာလေး
ဖတ်ရင်းနဲ့ ကြက်သီးတောင်ထမိတယ်
အသံလေးသာကြားရင် ပိုပြီး အားမာန်ပါလိမ့်မယ်
မျှဝေပေးတာ ကျေးဇူးပါ
ဆရာ့ကဗျာတွေကို ငယ်ကတည်းက သိပ်ကြိုက်တာ...၊ဒီကဗျာလေးကိုလည်း
သိပ်ခိုက်....၊အစပြန်ဖော်ပေးတာကျေးဇူး....
ဆရာ့ကဗျာတွေဆို သိပ်ကြိုက်တယ်။
အပေါ်ဆုံးက အပုဒ်လေးကို သဘောအကျဆုံးပဲ..
စိတ်ဓာတ်ကျနေတာ
အားရှိသွားတာပဲဗျာ
ကျေးဇူးပါပဲ နော်
Post a Comment