ရင်နင့်အောင်လွမ်းတဲ့အဲဒီချစ်သောင်ကမ်းမှာ
ယောင်ယမ်းကာအတွေးလေမှာနှင်တော့
အတိတ်လွင်ပြင်မိုးတိမ်မည်းတို့
မခို့တရို့နှယ်ကြည်စယ်ဆော့ကစား
ချစ်သူရဲ့နှုတ်ဖျားက
မုသားတွေထုတ်အကြွားမှာ
အချစ်ဆိုတာမချိုပဲ ခါး.......။
နားခိုစရာချစ်ခြင်းဖွဲ့ကာရံထက်
သံစဉ်တွေကျိုးပျက်လောင်ကျွမ်း
ဒီမောင်လွမ်းတော့ဘယ်သောင်ကမ်းဝယ်
ရည်ရွယ်သူမေ့သဘောကို
အငိုမျက်လုံးနဲ့ဘယ်လိုပြုံးရပါ့.....။
သွားပါစေကွယ်........
ဒီကံရယ်ခေလေသမျှ
ဝေသာဝေမျက်ရည်တွေပေါ့
နေပါစေကိုယ်မသုတ်ဘူး
ရူးလောက်အောင်ခံစားမိတဲ့ရင်ခွင်
မှတ်လောက်အောင်ကြမ္မာငင်စမ်း
ရင်ခွင်တစ်ခြမ်းနဲ့ပဲ
လွမ်း....တော့.....မယ် ။
10 comments:
အင်....နောက်တစ်ခြမ်းကလွမ်းဘူးလား...:)
အချစ်ဆိုတာ မချိုဘဲ ခါးနေမှတော့လည်း
သွားချင်သွားပါစေတော့လေ
နာကျင်ခံစားရလည်း ခဏပေါ့။။
အချိန်ဆိုတဲ့ သမားတော်က ကုစားပေးပါလိမ့်မယ်
လွမ်းစရာ ရှိတာ လွမ်းသားလွမ်း ကြယ်လွမ်းသူလေးရေ။
ရင်ခွင် အပြည့်နဲ့ ကိုလွမ်း..အဲ..ဒါပေမဲ့..အလွမ်းငွေ့ တွေနဲ့ 
ကိုယ့်အနာဂဏ် ကိုတော့ အသက်ရှူ ရပ်မသွားစေနဲ့ ။
သဘောပေါက်တယ် ဟုတ်။ :)..
...ခင်မင်လျှက်...ခင်မာလာအောင်...:)
ချစ်သူရဲ့နှုတ်ဖျားက
မုသားတွေထုတ်အကြွားမှာ
အချစ်ဆိုတာမချိုပဲ ခါး............
ခါးတော့ ခါးတယ်..ဒါပေမဲ့ အဲဒီဆေးခါးကြီးပဲ
မျိုမျိုချင်နေတာ ခက်ပ..........:)
word verification ကြီး ဖြုတ်ပေးပါလား..
comment ပေးရတာ ရှုပ်နေတယ်..
ကြယ်လွမ်းသူ မောင်ဖိုးကြယ်..
နာမည်နဲ့ လိုက်အောင် လွမ်းတတ်တာလွန်ပါရော။ တို့များတောင် လွမ်းလာပီ :"(
အမျိုးမျိုးကို လွမ်းတတ်တာပဲ။
ဒီတခါ လွမ်းစရာ ကြုံရင်တော့ တခြမ်းထဲနဲ့ ရလား စမ်းကြည့်အုံးမယ်။
အလွမ်းတွေကြယ်တွေနဲ့ ပြည့်နေတဲ့ ကြယ်လွမ်းသူရေ
တကယ်စွန့်လွှတ်တော့မယ်လား
စိတ်ရောနိုင်ရဲ့လား
နော်ကတော့မှ ခံစားနေဦးမယ်
လွမ်းစမ်းဗျာ..လွမ်းလိုက်စမ်း...စိတ်ရှိလက်ရှိကို လွမ်းစေသတည်း..:)
ရင်ခွင်တစ်ခြမ်းနဲ့တောင်လွမ်းတယ်ဆိုတော့...
အချစ်တော်တော်ကြီးပါ့နော်...
“ရူးလောက်အောင်ခံစားမိတဲ့ရင်ခွင်
မှတ်လောက်အောင်ကြမ္မာငင်စမ်း
ရင်ခွင်တစ်ခြမ်းနဲ့ပဲ
လွမ်း....တော့.....မယ် ။”
စာသားလေးအရမ်းလှတာပဲ..
Post a Comment