စိတ်တွေကိုဖွင့်ထုတ်လိုက်ဖို့
ကြယ်လေးရေ.....
သေသေချာချာလင်းပါလော့
ရက်လွန်အကြောင်းအရာတွေကို
ငါ့ခေါင်းထဲကထုတ်ပစ်
ချစ်ခြင်းတွေနဲ့မွန်းမံထားတဲ့မြား
ဘဝခါးချင်သလောက်သာခါးစေ
ငါတင်မယ့်လေးအတွက်
ငါ့အားအင်တွေကဖေးမလိမ့်မယ်......ကွယ်
ဒီတစ်ခါနင်လင်းတဲ့အခါ
နင့်ရဲ့အရိပ်မှာ
ငါအိပ်စက်ပါရစေ....... ။
7 comments:
ဒီတစ်ခါ ငါလင်းရင်ကော
ဘယ်သူ လာအိပ်စက်မှာတဲ့လဲ:)
အော်
ကြယ်လွမ်းသူက ကြယ်ရဲ့ အလင်းအောက်မှာ အိပ်မယ်ပေါ့
ကောင်းပါတယ်.. ကြယ်ကိုမော့ကြည့်ရင်း အိပ်ရတာပေါ့။
ကြယ်တွေခတဲ့ည ဖြစ်ပါစေ
မိုးတွေရွာနေလို့ ကြယ်ရော လရော မလင်းခဲ့ဘူးကွာ
မင်းနဲ့ ငါ ဘ၀တူဖြစ်နေပြီ ဖိုးကြယ်ရာ.. ဘီယာဆိုင်ပဲ သွားကြ(ဟုတ်ဖူး) ကော်ဖီဆိုင်ပဲ သွားငေါင်ကြတာပေါ့ကွာ :P
ဒီတစ်ခါနင်လင်းတဲ့အခါ
နင့်ရဲ့အရိပ်မှာ
ငါအိပ်စက်ပါရစေ....... ။
အိပ်စက်ခွင့်ရပါစေ..star လေးရေ..
မင်းကြယ်လေးကမင်းမှေးစက်ဖို့ အတွက် လင်းနေမှာ.....
အမြဲလင်းနေပါစေလို့ လဲ မင်းပါပါက ဆုတောင်းပေးခဲ့ပါတယ်.....
ကြယ်လေးကို ချွဲနေတာနဲ့ တူလိုက်တာ..။
ကြယ်ချစ်သူရော ကြယ်ကလေးရော
ပျော်ရွှင်ချမ်းမြေ့ပါစေ။
အေးချမ်းတဲ့ ကြယ်အရိပ်အောက်မှာ ထာဝရ နားခိုမှေးမှိတ်ခွင့်ရပါစေ။
Post a Comment