အဲဒီထန်းတစ်ဖျားဆီမှာနေကွယ်တော့
ငါ့ချစ်ခြင်းတွေပေါ့
တောင့်တမှုတွေအောက်မှာ
တစ်လက်လက်တောက်တယ် ။
နောက်တော့
ခြေရာအစအနဟောင်းလေးတွေကို
ရင်တစ်ကိုယ်အေးမြစေဖို့
ငါ့မှာပြန်ပြန်မျိုနေရပေါ့ ။
စိတ်ရယ်..........
မငိုပါနဲ့
ငါလိုကောင်ရဲ့အရိပ်က
ရွှေလိုအရောင်တောက်မနေဘူး
ရူးသွပ်မှုတွေသာထည့်ထည့်ပြီး
ရှင်ရှင်နေရတဲ့ဘဝမှာ
ကြယ်စင်တွေငါ့အပေါ် ခ ဖို့
မသေရုံတမယ် ကြွ နေရတဲ့
ခြေလှမ်းတွေလေ ။
6 comments:
မသေရုံတမယ်ကြွနေရတဲ့ ခြေလှမ်း...
ဒါဆို အကြောဆေးသွင်းမှ ဖြစ်မယ်..
[စတာ]
ကဗျာကောင်းလေပါပဲ
ဟုတ်...ကိုမေပယ်လ်ရေ အကြောဆေးသွင်းဖို့ ဆရာဝန်မလေးကို အသနားခံထားတုန်းရယ် :)
ခင်တဲ့( ဖိုးကြယ် )
ဖိုးကြယ်ဆီက ကဗျာစပ်နည်း သင်မှ ဖြစ်တော့မယ်..။ ကဗျာတွေကို စပ်တတ်ချင်တာ မတတ်လို့လေ။ နားလည်းမလည်ဘူး (အမ် ;P)
ဆရာဝန်မလေးက ဆေးထိုးအပ်ကြီးကြီးနဲ့ ထိုးပါစေ.. :D
ခြေလှမ်းတွေက ဘာလို့များ မသေရုံတမယ် ကြွနေရတာပါလိမ့်
ဆူးများစူးထားလေသလားး)
ထော့နင်းထော့နင်း ဖြစ်နေမှာပေါ့နော်
ခုမှ ကော်မန့်ပေးလို့ရသွားတယ်
ခြေရာအစအနဟောင်းလေးတွေကို မျိုချတယ်ဆိုတော့ အရသာက ဘယ်လိုနေပါလိမ့် ကဗျာဆရာ...
ချိုသလား၊ ခါးသလားဟင်င်င်င်င်င်??? :)
ငါ့မှာပြန်ပြန်မျိုနေရပေါ့ ။
စိတ်ရယ်..........
မငိုပါနဲ့
ငါလိုကောင်ရဲ့အရိပ်က
ရွှေလိုအရောင်တောက်မနေဘူး
အဖွဲ့နွဲ့လေး သဘောကျပါတယ်
(မန့်မယ်မန့်မယ်နဲ့ မန့်လို့မရဘူးဖြစ်နေတာ အခုမှ ရတော့တယ်)
Post a Comment