Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Friday, September 23, 2011

ဧရာဝတီအတွက်

ရာဇဝင်ထဲမှာချပြထားခဲ့တဲ့နေ့ရက်တွေက
လတ်ဆတ်ဆဲသူ့အလှလို
ဟောင်းမသွားတာကိုက
တစ်မျိုးလှနေတာ....။

သူ့ရင်ခွင်ကိုစတေး
သမိုင်းတစ်လျှောက်ကျွေးမွေးပြီး
တစ်သွေးတစ်မွေးလှစေတာလည်း
သူ့ကြောင့်...... ။

ကံကြမ္မာရယ် မမှောက်မှားလိုက်ပါနဲ့
ထောက်ထားစေလိုတဲ့အတွေးတွေနဲ့အတူ
မျှော်လင့်ချက်လေးတွေလည်း
တဒေါက်ဒေါက်ကျလို့.....။

သူ့ကိုကြည့်ရင်း ငါတို့ကိုယ်တိုင်ကိုပြန်ကြည့်ရင်း
တိမ်ခိုးဝေနေတဲ့ မျက်ရည်ရာသီတွေ
ကျင်းပရတော့မှာတဲ့လားကွယ်......။

ဧရာဝတီရယ်.......
တစ်ကယ်တော့နင်ဟာ
အားလုံးထက်ကမြစ်တစ်စင်း
အဲဒီနှင်းခါးတွေမကွဲသ၍တော့
အားလုံးနဲ့အတူတူ
စုန်းကဝေမြူးတဲ့ နှစ်ရူးတွေကို
ဖြတ်.....ဦး.......စို့.........။

@@@@@@@@@@


တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ အမိ ဧရာဝတီအတွက် ဘလော့ဂါမောင်နှမအားလုံး ၂၃ရက်နေ့မှာ ကလောင်တိုက်ပွဲ ဆင်နွှဲကြမယ်လို့ သိလိုက်ရတဲ့အချိန်လောက်ကစပြီးတော့ပဲ အလုပ်တာဝန်တွေက ပုံကျလာလိုက်တာ မအားမလပ်နိုင်လောက်အောင်ပါပဲ။ မအားအားတဲ့ကြားက ပိုစ့်တစ်ပုဒ်ရေးဖြစ်အောင်ရေးမယ်လို့ အားခဲထားခဲ့ပေမယ့် အချိန်က စေ့သွားပြီမို့ ဧရာဝတီအတွက်  အရင်က တင်ခဲ့ဖူးတဲ့ ကဗျာအဟောင်းလေး ကိုပဲ ပြန်တင်လိုက်ပါတယ်။

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ကျွန်တော် အကြွင်းမဲ့ ကန့်ကွက်ပါတယ်"

11 comments:

Cameron said...

ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်....။


ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

သက်တန့်ချို said...

သူ့ရင်ခွင်ကိုစတေး
သမိုင်းတစ်လျှောက်ကျွေးမွေးပြီး
တစ်သွေးတစ်မွေးလှစေတာလည်း
သူ့ကြောင့်...... ။..မှန်လိုက်တဲ့စာသားတွေး))

Anonymous said...

ဧရာဝတီမြစ်ရေစီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်


ဧရာဝတီချစ်သူ
မောင်ဘကြိုင်

seesein said...

ဧရာဝတီ မြစ်ဆုံဆည်ကို လုံးဝ လုံးဝ ကန့်ကွက်ပါတယ်
ကြယ်တွေ ငိုနေလားးးးးးးး
အမိ ဧရာဝတီကို ကယ်ကြစို့

mstint said...

ပြည်သူတို့ချစ်ခင်တွယ်တာတဲ့ မြစ်ဧရာ ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

အဟောင်းပေမယ့် ကောင်းနေဆဲပါညီ...၊ဒို့တွေ ညီညွှတ်စွာကန့်ကွက်ကြပါစို့

ညီရဲ said...

ဖိုးကြယ်ကြီးရေ...
ငါလဲ ဒီမြစ်ဆုံ စီမံကိန်းကို ကန့် ကွက်တယ်ဟေ့...

ချယ်ရီမြေ said...

မြဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ရန် လုံးဝလုံးဝသဘောတူပါတယ်..
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေဟု

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

blackroze said...

ဧရာဝတီမြစ်ဆုံ စီမံကိန်းကြီးကိုလုံးဝ လုံးဝကန့်ကွက်ပါတယ်

မြတ်မွန် said...

ဧရာဝတီ ကမ္ဘာတည်သရွေ့တည်၍ ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်း ပြုပါတယ် ။ ဖိုးကြယ် ချိုကျရေ..။

မြစ်ကျိုးအင်း said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

Post a Comment

Recent Comments