ကားခေါင်းခန်းထဲမှာ ဖွင့်ထားသော လေးအေးပေးစက်မှ အေးစက်စက်လေအေးများက သူ့မျက်နှာပြင်သို့ တိုးဝှေ့နေသည်။ သူ့ရဲ့စိတ်အစဉ်ကတော့ ပြင်ပနှင့်မတူပဲ ပူလောင်လျှက်။ ခုနက တွေ့ခဲ့ရသောမြင်ကွင်းက မျက်လုံးထဲကမထွက်နိုင်ပဲ ရှိတော့သည်။
စင်ကာပူ NUH ဆေးရုံပေါ်ရှိ ခုတင်ပေါ်မှ လူနာ၏ ဖျော့တော့တော့ အပြုံးက သူ့ကိုနွမ်းလျစေခဲ့သည်။ တင်ပါးဆုံရိုးခွဲထားသော လူနာတစ်ယောက်၏ နာကျင်မှုကို သူနားလည်နိုင်ပါသည်။နောက် မိသားစုနှင့်ဝေးနေရသော လူတစ်ယောက်၊ ကိုယ့်နိုင်ငံလို နွေးထွေးမှုကို ရှာမတွေ့နိုင်သောနေရာ၊ အားငယ်မှုတွေ၊ စိုးရိမ်မှုတွေနှင့်မျက်နှာ ဒါတွေကို သူမြင်နေရသည်။
စင်ကာပူ NUH ဆေးရုံပေါ်ရှိ ခုတင်ပေါ်မှ လူနာ၏ ဖျော့တော့တော့ အပြုံးက သူ့ကိုနွမ်းလျစေခဲ့သည်။ တင်ပါးဆုံရိုးခွဲထားသော လူနာတစ်ယောက်၏ နာကျင်မှုကို သူနားလည်နိုင်ပါသည်။နောက် မိသားစုနှင့်ဝေးနေရသော လူတစ်ယောက်၊ ကိုယ့်နိုင်ငံလို နွေးထွေးမှုကို ရှာမတွေ့နိုင်သောနေရာ၊ အားငယ်မှုတွေ၊ စိုးရိမ်မှုတွေနှင့်မျက်နှာ ဒါတွေကို သူမြင်နေရသည်။
“သူငယ်ချင်း မင်းနေလို့ကောင်းတယ်နော်” ပဋိသန္ဓာရ စကားကို စဆိုရသည်။ မှိန်နေသော မျက်လုံးများ အရောင်လက်လာတာ သူမြင်တွေ့လိုက်ရသည်။ နောက် လက်ကလေးတစ်ဖက် မြောက်တက်လာသည်။ သူအလိုက်သင့်ကလေး ကိုင်ထားပေးလိုက်ရသည်။ အေးစက်စက် လက်တဖက်ရဲ့ အထိအတွေ့က သူ့ကိုပိုပြီး ဆို့နင့်စေခဲ့ရသည်။ တစ်စက်ရုံထဲအလုပ်လုပ်ခဲ့သူ၊ တစ်အိမ်ထဲနေခဲ့သူ၊ နောက် မြန်မာစကားကို မပီကလာပီကလာပဲပြောတတ်သူ၊ ဘာသာခြားတိုင်းရင်းသားတစ်ယောက်ဖြစ်သော သူ့ကိုတော့ သူပိုခင်တွယ်မိသည်။
“သူငယ်ချင်း ဘာမှစိတ်မပူနဲ့သိလား တို့အားလုံး မင်းအတွက်လိုအပ်တာတွေ အကုန်လုံးလုပ်ပေးထားတယ်။ မင်းရဲ့ညီကိုလည်း ဖုန်းဆက် ပြီးသွားပြီ။” ခေါင်းလေးငြိမ့်ပြသည်။ နောက် ခပ်တိုးတိုးလေးသူပြောသည်။
“သံတုံးကြီးပြုတ်ထွက်လာတာ ငါမြင်လိုက်တယ်…….. ငါပြေးသေးတယ်….ငါ့နောက်မှာ အန်ကယ်ကြီးရှိနေတယ်…..ငါသူ့ကိုတွန်းဖယ်လိုက်တာ……မဟုတ်ရင် ငါရောသူရောပိမှာ……..”
“ငါသိတယ်သူငယ်ချင်း မင်းအဲဒီလိုတွန်းလိုက်လို့လည်း အန်ကယ်ကြီး လွတ်သွားတာ။ အားလုံးကလည်း မြင်တယ်ကွ။ မင်းကိုလည်း ချီးကျူးနေကြပါတယ်။ မင်း အဲဒီပီတိလေးကို စားထားပါကွာ။ မင်းအတွက် အားဖြစ်လာပါလိမ့်မယ်နော် သူငယ်ချင်း။”
လူတော်တော်များများက ဘေးအန္တရာယ် ကြုံလာရင် ဘေးဘီကို သတိမေ့တတ်ကြတာ သဘာဝလိုပါပဲ။ သူကတော့ မမေ့ခဲ့ပါ။ ကြီးမားတဲ့ ပစ္စည်းကြီးတွေကို စက်ခုတ်စားတဲ့အခါမှာ စက်ရုံက လူနှစ်ယောက်လောက် ထားပေးတတ်ကြသည်။ပေါ့လျော့မှုကြောင့်ဖြစ်လာမည့်ဘေးအန္တရာယ်တွေကိုကြိုတင် သိမြင်နိုင်ဖို့အတွက်ပါ။ ကြိုတင်သိမြင်လို့ ဘေးအန္တရာယ်က လွတ်သွားတဲ့ သာဓကတွေလည်း ရှိခဲ့ပါသည်။ သို့သော် ယခုလို စက်ချို့ယွင်းမှုကြောင့် ဖြစ်လာတာကတော့ ဘယ်သူမှ ဘာမှမတတ်နိုင်တော့ပါ။ တာဝန်ယူထားတဲ့ လူနှစ်ယောက်ထဲကမှ အခုတစ်ယောက်က အတွင်းလူနာအဖြစ် ဆေးရုံကိုရောက်ရှိနေပြီ။
“သူငယ်ချင်း အချိန်တိုင်း မင်းတို့ရဲ့ ဘုရားကို အာရုံပြုထားနော်။ မင်းရဲ့ ဆွဲကြိုးလေးရော....သူတို့သိမ်းပေးထားတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲကနေ အာရုံညွှတ်ထားပေါ့ကွာနော်။ ငါတို့ထပ်လာခဲ့ပါဦးမယ်။ ခုတော့ မင်းနားလိုက်ဦးနော်။”
နှုပ်ခမ်းလေး ကွေးတက်သွားတာကို သူပြုံးပြတယ်လို့ပဲ မှတ်ယူလိုက်ပါသည်။ နာကျင်မှုတွေ ကြားထဲက လူတစ်ယောက်ရဲ့ အပြုံးဟာ ဒီလောက်နဲ့တင် လုံလောက်ပါပြီ။ ဘေးအန္တရာယ်ကြားကနေ ကိုယ့်အတွက်ကို ပဓာနမထားဘဲ သူတစ်ဖက်သားကို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ စိတ်ထားလေးရဲ့ အကျိုးကျေးဇူးကြောင့် သူတို့ ဘုရားသခင်က သူ့ကို စောင်မကြည့်ရှုလိမ့်မည်ဟု သူယုံကြည်ပါသည်။
မောင်းနေတဲ့ကားရဲ့ စက်သံညက်ညက်ရယ် ဂီယာထိုးသံတွေရယ်က သူ့ကိုအတွေးထဲမှပြန်ဆွဲခေါ်သွားသည်။ရှေ့မှာမြင်နေရတာက လမ်းမကြီးပေါ်မှာ ဥဒဟိုသွားလာနေကြသော ကားများ ၊ ဆိုင်ကယ်များ၊ ရည်မှန်းချက်ကိုယ်စီနဲ့ လူများ၊ လမ်းမကြီးပေါ်မှာပဲ မျက်လုံးတွေဖွင့်လျှက်က ကြိုတင်မမြင်နိုင်သော အရာရာများ……။
11 comments:
သတင်းတွေ ကြားတယ်။ ကိုကယားအတွက် စိတ်မကောင်းပါဘူးကွာ။ အမြန်ဆုံး သက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဟူးးးးးးးကြားရ နားဝမှာ မချမ်းသာပါလားညီရာ....၊စိတ်မကောင်းဘူး..။အေးလေ
မတော်တဆ ဆိုတာကလည်း ဘယ်တတ်နိုင်မတုန်း....။အမြန်ဆုံးသက်သာ
ပျောက်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်....။
စိတ်မကောင်းလိုက်တာရှင်..
အမြန်ဆုံးပြန်လည်သက်သာပါစေလို့
ကျမလည်းဆုတောင်းပေးပါတယ်နော်..
လုပ်ငန်းခွင် အန္တရာယ်တွေက အမြဲလက်တကမ်းမှာပဲ ရှိနေတတ်တယ်။ သတိထားရင်းနဲ့ ဖြစ်လာတတ်တာတွေလည်း ရှိပေမယ့် မရဲတရဲနဲ့ ဆက်လုပ်နေကြရတာပဲ။
တကယ့်ဖြစ်ရပ်မှန်ဆိုရင်တော့ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးကြောင်း ကြုံရင် ပြောပြီး အားပေးနှစ်သိမ့်ပေးပါအုံး။
စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ကို သူတို့ဘုရားသခင်က စောင့်ရှောက်မှာပါ။
ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်
အမြန်ဆုံး သက်သာလာပါစေနော်
စိတ်မကောင်းစရာ။ မိဝေးဖဝေး မိသားစုတွေနီးနီးနားနားမရှိတဲ့နေရာမှာ တခုခုဖြစ်တော့ ပိုအားငယ်မှာပဲ။ စိတ်ရင်းကောင်းတဲ့လူမို့ ဘုရားကတော့ကြည့်နေမှာမဟုတ်ပါဘူးလေ။ အမြန်ဆုံးပြန်ကောင်းလာစေဖို့ ကူပြီးဆုတောင်းပေးသွားပါတယ်။
လာလည်ရင်း စိတ်မကောင်းစရာလေးကိုဖတ်မိသွားပါတယ်
အမြန်ဆုံးပြန်နေကောင်းလာပါစေ
ဖတ်တာဖတ်နေရတာ ခုမှ ချိုကျ ဆိုတာသိတော့တယ်၊
ကိုဖိုးကြယ်ကြီးရေ....ကိုTZAကြီးက ကွန်မန့်တွေကို နေရာမှားပြီး လာပေးသွားလို့ တကူးတက သယ်ပြီး လာပို့ပေးပါတယ်။ ကွန်မန့်သယ်ယူပို့ဆောင်စရိတ် လာရှင်းပေးလှည့်ပါ။(ဘလော့ဂါတွေများ ခက်တယ်၊ ပြောပြောချင်ဘူး...တိန်!!!!!!.)။
TZA said on September 15, 2011 12:03 AM
ရေးတတ်လိုက်တာဗျာ၊ ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် အလုပ်ကနေ ထိုက်သင့်တဲ့ ဆေးဘိုးဝါးခနဲ့ လျော်ကြေးတွေ ပြန်ပေးမယ်လို့ ထင်ပါတယ်၊ ပြန်လည်းပေးသင့်ပါတယ်။
TZA said on September 15, 2011 12:06 AM
ဆောဒီး ဂျင်ဂျင်းရေ.. အောက်ကလင့်ခ်ထဲက ကြယ်လွမ်းသူရဲ့ ပို့စ်မှာ ကော်မန့်ရေးမလို့ ဝင်းဒိုးနှစ်ခုဖွင့်ထားတော့ ဂျင်းဘလော့ဂ်မှာ ရေးမိလျက်သားဖြစ်သွားတယ်၊ ဟီးဟီး..
http://kyelwannthu.blogspot.com/2011/09/blog-post.html#comments
အမြန်ဆုံး ပြန်ကောင်းနိုင်ပါစေဟု ဆုတောင်းပေးလိုက်ပါတယ်... ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်....
စိတ်မကောင်းစရာပဲ.
အန္တရယ်ဆိုတာ မြင်မှ မမြင်နိုင်တာပဲလေ..။ အစ်မလည်း ဟိုတလောက ကားမောင်းရင်း လူရှောင်တာ ခွေးကို ကြိတ်မိသွားတယ်။
မမြင်နိုင်တဲ့အရာတွေက အမြဲလက်တကမ်းမှာဆိုတော့.. ဘုရားကလွဲလို့..
Post a Comment