Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Sunday, January 23, 2011

နေရာလေးတစ်ခု



မျက်ရည်တွေကြားဝိုးတဝါးနဲ့
ငါ့ခြေလှမ်းတွေခိုးခိုးသွား
တစ်ထောက်နားတဲ့နေရာလေးပေါ့....။

စိတ်ရဲ့အသိ နေမထိလို့
လှမ်းထိခဲ့မိ အသိစိတ်က
ဆို့နင့်ကြေကွဲ ငါ့အပြစ်တွေပါပဲကွယ်....။

ချစ်သူတင်တဲ့လေးမှာ
ငါ့ကမ္ဘာငယ်မျက်ရည်တွေသီကုံး
လွမ်းစိတ်တို့ ဝုန်းခနဲရုန်းအကြွ
ဒီနေရာလေးမှာပဲ မျက်ရည်တွေ ခ မိပြန်ပြီ....။

နေ့ရက်တွေသာယာဖို့အရေး
အရာရာစွန့်ခွာပြေးတော့
မျှော်အတွေးနဲ့ ဆို့နင့်ရင်ဝှက်တေးမှာ
အလွမ်းတွေ တလူလူလွင့်တဲ့နေရာလေး........။

5 comments:

ညိမ်းနိုင် said...

ဖိုးကြယ်ရ....မင့်အလွမ်းတွေ တလူလူလွှင့်တဲ့နေရာက လမ်းဘေး ဘတ်စ်ကား
မှတ်တိုင်ကြီးမှာလား...။တော်ကြာကားတွေက သူတို့တားတယ်ထင်ပြီး ထိုးထိုး
ရပ်နေတော့မှာပဲ....:) မစရင်မနေနိုင်လို့စတာနော်....။
တကယ်ပြောရရင် ကဗျာလေးက ရင်ထဲထိတယ်....။ကိုယ်လည်း လွန်ခဲ့တဲ့
၃လလောက်က အလွမ်းတွေကို ဘတ်စ်ကားမှတ်တိုင်မှာ မျက်ရည်တွေနဲ့ လွှင့်ခဲ့
ရပေါ့...:(

ညီသူအိမ် said...

ချစ်သူတင်တဲ့လေးမှာ အလွမ်းတွေ ကြိုးညှိဖို့ မလိုပါဘူးနော်
အပေါ်က ကိုမောင်လေးမန့်သွားတာ ပြည့်စုံလွန်းလို့ like ပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အလွမ်းတွေ တလူလူလွှင့်တဲ့ နေရာလေးဟာ ချစ်သူတွေ ပြန်လည်ဆုံဆည်းခွင့်ရတဲ့ နေရာလေးဖြစ်ပါစေလို့..

မြစ်ကျိုးအင်း said...

သူ ဒီကဗျာဖတ်ပြီးရင် ပြန်အဆင်ပြေသွားနိင်ကောင်းပါရဲ့

သူငယ်ချင်း said...

အားရပါးရ ငိုလိုက် ပါ... သူငယ်ချင်း....ငိုပြီးရင် .........
ခဏခဏ ငိုနေ ရရင် တော့ မကောင်းဖူး နော်......
ကိုယ်သူကြောင့် ငိုနေ ချိန်မှာ ... ကိုယ့် ကို ချစ် တဲ့ မိဘ ညီအကို မောင်နမ တွေ ကို သတိရ လိုက် ရင် ... ကျနေတဲ့ စိတ် တွေ ..... ပြန်ရလာမှာ ပါ........

Post a Comment

Recent Comments