Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Wednesday, January 19, 2011

ကဗျာရွတ်တဲ့ည

အိပ်စက်ခြင်းဆိုတာကို အဖြေရှာဖို့
ဒီတလောမှာတော့ ငါမဝံရဲပါဘူး
ဒီကောင်ကပဲရူးနေတာလား
ကူးခပ်နေဆဲမြစ်ကိုအလျှားလိုက်
စိတ်ကြိုက်သာတွေးပါ
ညတွေဟာငါနဲ့အစေးသိပ်မကပ်လှဘူး ။

တစ်နေ့ရွှေ တစ်နေ့ငွေနဲ့
နောက်တစ်ကွေ့မှာတော့ ငါသေနေတယ်.....
မျက်ရည်တွေလည်းဝေတယ်
အရာရာဟာငါ့သမိုင်းမို့
ငါ့ကိုယ်ငါအောက်ကျို့မိတာ အခါခါပေါ့ ။

နှဖူးပေါ်လက်တင်လိုက်တိုင်း
ချစ်သူကငေးငေးကြည့်တယ်
ဒီလိုနဲ့.......ညတွေမှာ
တေးထပ်တွေအကြိမ်ကြိမ်ခူးစွတ်တော့
ငါ့ညတွေဟာ ကဗျာထထရွတ်တယ် ။

4 comments:

ညိမ်းနိုင် said...

ညက ဘယ်ကဗျာကိုရွတ်သလဲ ညီ....။
ညအခါ...လသာသာ....ကစားမလား....နားမလား.....ဟိ......:)

Anonymous said...

ညတွေက ကဗျာထထရွတ်သတဲ့လား
ဟော...ဟော..နားထောင် ကြားနေရပြီ
ဘာသံပါလိမ့်..(ရင်ဘတ်ရှိသူ ကြားစတမ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာချစ်တဲ့ညတွေက ကဗျာရွတ်သလို
သီချင်းချစ်တဲ့ညတွေကတော့ သီချင်းဆိုညီးလို့ပေါ့..
အိပ်ပျက်တဲ့ညတွေ များနေတာတော့ သေချာပါပြီ။

လင်းမြကြည်ဖြူ said...

ချစ်သူနဲ့အတူ ကဗျာရွတ်ရတာ သိပ်ပျော်ဖို့ကောင်းမှာဘဲ
ကဗျာလေးကလည်းလှ
ခံစားချက်လေးကလည်းကောင်း
အားပေးသွားတယ်နော်

Post a Comment

Recent Comments