Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Sunday, January 9, 2011

ဝါဆိုတမ်းချင်း.........

ဘာတွေဝှက်ထားဖို့ကျန်ပါသေးလဲ
ရိုးရာအစဉ်အလာတဲ့
ငါ့ခေါင်းကိုရိုက်ချိုးပေးလိုက်တယ်
ဒီအချိန်ဟာသေနေ့စေ့တာပါပဲ
ငါ့ပါးစပ်ပေါက်လေးအသံမဲ့သွားတယ်
ဝါဆိုဆွဲပိတ်လိုက်သလားဟင်.......။
သက်ပြင်းကလေးချလိုက်ပါ
စမ်းချောင်းကလေးကခေါ်ယူသွားလိမ့်မယ်
မျက်ရည်တစ်စ ပေါက်ခနဲထွက်ကျလာတယ်
ကျွန်တော့်နောက်ကျောမှာ
ဓားတစ်လက်မရှိခဲ့ပါဘူး
နောက်တော့ကျွန်တော်ရူးသွားတယ်
ခြေလှမ်းတွေကနှေးသွားတယ်
ရင်ခုန်သံတွေတဖြေးဖြေး
ကျွန်တော့တက်မက်မှုလေးပြန်ပေးကြပါ
လွင့်နေတဲ့အလံတလူလူက
ကျွန်တော့ကြောင့်မြေခခဲ့ရတယ်
တောင်းပန်ပါတယ် ဝါဆို........ရယ်
ငါ့အကာရံအခွံတွေမှာ
တောက်ပမှုတွေလေလိုလွင့်တော့
အရာရာဟာဗလာပါပဲကွယ်.......။

8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆောင်းရောက်နေပြီ
ဝါဆိုကို ပြန်လွမ်းနေတယ်
မပူပါနဲ့ မကြာခင် ၀ါဆို ပြန်လာမှာပါ။
အလံတလူလူက မြေခသွားတာ တကယ်က ဘယ်သူ့ကြောင့်လဲ...

လင်းမြကြည်ဖြူ said...

မအားလို့ စာမရေးဖြစ်တာ
လာလည်သွားတာ ကျေးဇူးပါ။
ကဗျာလေးကို ခံစားရတယ်.. ၀ါဆို ဆိုတဲ့နံမည်လေးလဲကြိုက်တယ်။

Maung Myo said...

လွမ်းချင်းလေးက ဖတ်လို့ကောင်းလိုက်တာ ခံစားလို့တော့မကောင်းဘူး စိတ်မကောင်းစရာလေးမို့ ။

လင်းခေတ်ဒီနို said...

တောင်းပန်ပါတယ် ဝါဆို........ရယ်
ငါ့အကာရံအခွံတွေမှာ
တောက်ပမှုတွေလေလိုလွင့်တော့
အရာရာဟာဗလာပါပဲကွယ်.......။

အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ

Anonymous said...

ကျနော့်တက်မက်မှုလေး ပြန်ပေးပါ

မေပယ်လ် said...

သူငယ်ချင်းရေ
ဖြစ်နိုင်ရင် သူငယ်ချင်းအီးမေးနဲ့ ကိုဘလက်ကော်ဖီအီးမေး သိခွင့်ရနိုင်မလား
ကျေးဇူးတင်ပါတယ်

မြစ်ကျိုးအင်း said...

ဒီည ဗလာ ကဗျာ ၂ ပုဒ် ဖတ်လိုက်ရတယ်။ ဗလာကိုမြင်ကြည့်ဖို့ ဥဏှောက်ထဲက ဗလာတွေကို အရင်ဖြည့်ရအုံးမယ်။

မြတ်မွန် said...

ဖိုးကြယ်ရေ..နေကောင်းရဲ့လား။
သတိရလျက်။

Post a Comment

Recent Comments