Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Sunday, January 2, 2011

တစ်ပါးသွားနှစ်ကူး

ညနေခင်းလေးရဲ့ ကြိုဆိုသံက သူ့ ရင်ကို လှုပ်ခပ်နေလေရဲ့။ဒီနေ့ဟာ ဒီနှစ်ရဲ့နောက်ဆုံးနေ့။ သူခေါ်နေတယ် အမြန်သွားပါ။ ကားဂိတ်မှာ တစ်ယောက်ထဲတဲ့။ ခြေလှမ်းတွေက မြန်လိုက်တာ စိတ်နဲ့အတူတူပြေးနေလေရဲ့။ ကျေးဇူးပြုပြီး လမ်းနဲနဲပေးပါ။ ဒီခုန်မှာထိုင်လို့ရမလား။ ခြေထောက်ကိုတက်နင်းသွားတယ်။ ရပါတယ် နာလည်းခဏပေါ့။ ကားကနှေးလိုက်တာ မြန်မြန်မောင်းလို့မရဘူးလား။ မီးနီနေတာကြာတယ်။ မြန်မြန်စိမ်းပါတော့။ ချစ်သူကစိတ်ကောက်ခဲတယ်။ကောက်ရင်လည်း မလွယ်ဘူးဆိုတာ ငါသိတယ်။

ဟော.....ရောက်ပြီ။ သူဘယ်မှာလဲ လရိပ်ထဲမှာ ပုန်းနေတာလား။ ဟော....တွေ့ပြီ ။ ပိုးစိုးပက်စက်လှနေတယ် အရာရာတိုင်းက။ ကောက်ချင်ယောင်ဆောင်နေတော့ ဖြောင့်ရခက်တယ်။နောက် သူ ရယ်နေတယ်။ မျက်နှာလေးက ချစ်စရာလေး။ ကျေးဇူးပြုပြီး ဒီဘက်နဲနဲတိုးနော်။ လက်ကလေးတစ်ဘက် လာချိတ်တယ်။ အဲဒီအချိန် ကားကြီးတစ်စင်းထိုးဆိုက်လာတယ်။ တွဲလောင်းကြီးဆွဲထားတယ်။ အပြုံးတွေနည်းနည်း ကျဲပြီး တက်ခဲ့လိုက်တယ်။ ကြာလိုက်တာ မြန်မြန်မလာဘူးတဲ့။ ကဲ...ဘယ်သွားကြမလဲဆိုတော့ နှင်းမှုန်တွေမရှိပဲ ဆောင်းရာသီယောင်ဆောင်ထားတဲ့ နှစ်သစ်ကူး နန်းတော်ကိုတဲ့။ ချစ်စဖွယ်ကောင်မလေးပဲ။ အနမ်းလေးခပ်ဖွဖွပေးလိုက်တယ်။ သိမ်းထားနော်။

ဖုန်းကငှက်ဆိုးတွေ ရင်ကွဲသံနဲ့ ထ ပြီးမြည်တယ်။ ငါတို့ အဖုံးတွေဖွင့်ထားတယ်တဲ့။ တံခါးက ၅ပေကျယ်တယ်။ တစ်ကိုယ်စာတော့ ချောင်ချောင်ချိချိပဲတဲ့။ အော်...ဒါနဲ့မင်းတစ်ယောက်ထဲလား။ အော်....နှင်းတွေနဲ့အတူ ကနေတာပဲကိုး တဲ့။ ဘာပဲဖြစ်ဖြစ် အဖုံးတွေဖွင့်ထားလိုက်မယ်နော်တဲ့။သူ နာရီကိုကြည့်တော့ ၁၁နာရီ ၄၅ တဲ့။ မြန်လိုက်တာ နာရီက မြင်းတစ်ကောင်ကို ခွစီးထားသလိုပဲ။`' happy new year နော် ကို `' တဲ့။ အင်း နောက်ကျနေပြီပဲ။မျက်စိတစ်ဆုံးထိလိုက်ပို့လိုက်တယ်။ ကားဘယ်မှာလဲ...မြန်မြန်လာပါ။ အဖုံးတွေဖွင့်ထားတယ်တဲ့။ အဲဒီအချိန် ဖုန်းက ထ ပြီးမြည်ပြန်တယ်။ ဘယ်မှာလဲ....... အဖုံးတွေ ဖွင့်ထားတာကြာတော့ အငွေ့တွေပြန်ကုန်တယ်တဲ့။ အဲဒါတော့ သူဝမ်းသာတယ်။ အငွေ့ပြန်တော့ ကောင်းတာပေါ့။ အင်း လာပြီ အမြန်ဆုံးပဲနော်။ HAPPY NEW YEAR........ ဟင်....... နာရီက ၁၂ နာရီမှာ မားမားရပ်ပြနေတယ်။ ကဲပါ...အငွေ့ပြန်တာကြာပြီပဲ သူမရှိလဲ အဖုံးတွေဖွင့်ထားတာပဲ။ သူခေါင်းကို နောက်မှီချလိုက်ပြီး မျက်လုံးတွေမှိတ်ချလိုက်တယ်။ မျက်နှာလေးတစ်ခု။ အပြုံးလေးတစ်ခု တောင်ချိတ်ထားသေး။ မျက်နှာလေးနဲ့အတူ သူနှစ်ကူးလိုက်တယ်။ တစ်ကယ်တော့ ဒါဟာ နှစ်ယောက်အတူတူကူးခဲ့တဲ့ တစ်ပါးသွားနှစ်ကူးပေါ့။

7 comments:

ညိမ်းနိုင် said...

လွမ်းစရာ တစ်ပါးသွားနှစ်ကူးလေး.....။ကဲ....ကဲ...နောင်နှစ်မှာ နှစ်ပါးသွားနှစ်
ကူးလေးကူးနိုင်ပါစေ ငါ့ညီရေ....:)

အင်ကြင်းသန့် said...

အဟမ်းအဟမ်း....ဘာတွေကိုအဖုံးဖွင့်ထားလို့ ဘာတွေက အငွေ့ပျံကုန်တာပါလိမ့်???? :)

Nyi Thu Eain said...

တန်းပလိပ်လေး ခုမှ ပိုလှသွားတယ်
ရေးထားတဲ့ ဟန်လေး သဘောကျတယ်
အတွေးကောင်း အရေးကောင်းတဲ့ သူငယ်ချင်း
နှစ်ပါးသွားနိုင်ပါစေ

pyo mon lay ♥ said...

တစ်ပါးသွားကနေ နှစ်ပါးသွား နှစ်ကူးနိုင်ပါစေလို့  ..
ဆုတောင်းပေးလိုက်ပါတယ်နော် .. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်လိုဘဲဖြစ်ဖြစ် စိတ်ကူးလေးနဲ့ အတူတူနှစ်သစ်ကူးဖို့ အဖော်ရှိသေးတာကိုက တော်သေး..
မဟုတ်ရင် စိတ်ကူးယဉ်စရာတောင် မရှိရင် ဘယ်လိုလုပ်မလဲနော်
နောက်နှစ်တော့ နှစ်သစ်ကို နှစ်ပါးသွားလေး ကူးနိုင်ပါစေ ဖိုးကြယ်ရေ..

မြစ်ကျိုးအင်း said...

ကိုယ်တို့တော့ နှစ်ကူးညမှ ဘီယာတွေ အငွေ့မပျံခင် အဖုံးဖွင့်ပြီးတာနဲ့ သောက်လိုက်တော့တယ်။
၂၀၁၁ မှာ တခြားအရာတွေသာ အငွေ့ပျံပါစေ... အချစ်တွေတော့ အငွေ့မပျံစေနဲ့....။
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ....။

မြတ်မွန် said...

ပုလင်းထောင်နေတယ်ပေါ့..
တစ်ပါးသွားနှစ်ကူး..




၁..
ဟေးးးးးးး ၂၀၁၀ အငွေ့ပြန်သွားပြီ
နောက်ထပ်၂၀၁၁ တစ်ဗူးတော့ ထပ်ဖောက် ပြန်ပြီပေါ့..။
သူလည်းပဲ အချိန်တန်ရင် အငွေ့ပြန်အုံးမှာပါပဲလေ..။
ဟက်ပီးနယူးရီးယားနော်..ဦးကြယ်..။

Post a Comment

Recent Comments