Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Thursday, November 11, 2010

ကဗျာရဲ့" ငါ "

မခံချင်စိတ်တစ်ခုရယ် ဝမ်းနည်းခြင်းတရား ခပ်ပါးပါးတစ်ခုရယ်က အကြောင်းပေါင်းသင့်မှုတစ်ခုကို ဖန်တီးပြီး ညတစ်ဝက်တစ်ပျက်မှာ ကဗျာဟာ ဧရာဝတီကို စွန်ခွာခဲ့ပေါ့။ 

အပြုံးတုတဲ့..... ဘယ်ရာသီမှာမှ မပွင့်ဖူးတဲ့ပန်းလို အမည်နာမတပ်မရပဲ မျက်နှာပေါ်မှာ တွဲလောင်းဆွဲတတ်ခဲ့ပြီ။ 

ငါသာယာတဲ့ ငါ့ရဲ့ရွာလေးရေ...... ဖြူစင်မှုတွေနဲ့အတူကျန်ရစ် ရာဇဝင်ရဲ့အစ မြစ်ဖျားခံရာဒေသပေါ့။ တစ်လှမ်းဝေးလေ အစိမ်းဓာတ်ထဲ စိတ်တွေချချစတေးရင်း အယူတိမ်းမှာ စိုးမိတယ်။ အစိမ်းဓာတ်ထဲက တိမ်းစောင်းနေတဲ့ အတ္တတွေလေ အမှန်တရားလို ဟန်ဆောင်ကိုးကွယ်ကြ တစ်ခါတစ်ခါ တွေးမရချင်တော့ဘူး။ မီးများမီးနိုင်တဲ့ အတ္တများရင် ပူလောင်တယ်။ 

ငါ...ငါ...ငါ...အရာရာကို ငါ နေကြ။ ငါ နေရင်းက ငါက ပျောက်ဆုံး ကဲ...ခင်ဗျားတို့ ငါတွေ သုံးကောရသေးရဲ့လား။ တစ်ဘဝစာသာယာဖို့ ငါ တွေကိုရှေ့တန်းတင် ပုပ်အဲ့အဲ့ ရင်ခွင်တွေနဲ့အတူ ငါ့အယူအဆ ငါ့ဝါဒနဲ့ မမြဲခြင်းတရားနား လက်တစ်လုံးခြား လှည့်ဖျား မြင်နေရတာ ခါးလိုက်တာ။ 

အတွေးသက်သက်ပါပဲ လာမေးခဲ့ရင်လည်း ကဗျာမှာ ငါ ရှိတာပဲ။ ဒီလိုပေါ့ ကဗျာက ငါကိုကိုင်စွဲ ချစ်ခြင်းတွေ ဖြန့်ဖြန့်ကျဲတတ်လေရဲ့။ 

ကဗျာဟာ ငါကိုကိုင်စွဲ လွဲနေခဲ့ရင်တောင် အဇတ္တတွေ မမှောင်စေရဘူး။ 
ကဗျာဟာ ငါကိုကိုင်စွဲ လူတစ်အုပ်နဲ့ ပတ်သက်လာရင် သွေးနည်းနည်းကျဲတတ်လေရဲ့။ 
ကဗျာဟာ ငါကိုကိုင်စွဲ လွဲနေတဲ့အကြောင်း တစ်စေ့တစ်စောင်းလောက်တော့ ပြောတတ်တယ်။ 
ကဗျာဟာ ငါကိုကိုင်စွဲ ကြွေးဟောင်းတွေလည်း ဆပ်နေဆဲပဲလေ။ 
ကဗျာဟာ ငါကိုကိုင်စွဲ ချစ်တဲ့အရိပ်နဲ့ ချစ်သူရဲ့စိတ်ကို အေးမြစေချင်ရဲ့။ 

နောက်ဆုံးတစ်နေ့ပေါ့... ကဗျာဟာ ငါကိုစွန့်လွှတ် ကဗျာမှာ ငါ မရှိတော့ရင် ငါဟာကဗျာ တစ်ပုဒ်မဟုတ်ဘူး။ ငါ ဆိုတာမှာ ကဗျာမရှိတော့ဘူး။ ကဗျာက ကဗျာဝါဒနဲ့ ဆက်လက်ရှင်သန်ပြီး ငါ ဆိုတဲ့အရာက အတ္တတွေရဲ့ သရုပ်လွန်ကခွာဖို့ ငါ ဆိုတာကျွတ်အောင် ငါ့တေးသွားငါ အကြိမ်ကြိမ်ရွတ်ရဦးမှာပေါ့......။

4 comments:

လသာ said...

ကောင်းလိုက်တဲ့ကဗျာလေး..။ “ငါ”တွေ သုံးလို့ရသေးလားတဲ့..။
ငါတွေက သုံးရရမရရ သုံးနေကြတာပါပဲ (ကိုယ်ကအစ).။

အင်ကြင်းသန့် said...

"ငါ"ကိုကွာအောင်တော့ကြိုးစားကြည့်ရမှာပေါ့....
လွယ်မယ်တော့မထင်ဘူး။

မိုးငွေ့...... said...

ငါ...ငါ...ငါ
ကဗျာ..ကဗျာ...ကဗျာ..
ငါရဲ့ ကဗျာ....
ကဗျာရဲ့“ငါ”.....စာစုလေးဆိုပေမယ့် ရေးဟန်လေးကတော့ ကဗျာနဲ့တူတယ်....။

ခင်တဲ့
မိုးငွေ့

Anonymous said...

ငါကတော့....ငါဆိုတာကိုင်ဆွဲရင်း ငါနေရတုန်းပါပဲလေ...
အတ္တတွေကို လက်ကိုင်ထားနေမိရင်း အများကို မထိခိုက်အောင်သာ
တောက်လျောက်ကြည့်နေရလေရဲ့။
ငါဆိုတာကို ခဝါချလို့ ငါကိုယ်တိုင် မြေခမဲ့ နေ့ ကြရင်တော့
ငါ ...ငါ...ငါ....အပြီးတိုင် သေးဆုံးသွားနိုင်ပြီ။
....ခင်မင်လေးစားလျှက်ပါ ကြယ်လွမ်းသူ...
..ခင်မာလာအောင်..:)

Post a Comment

Recent Comments