Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Saturday, November 6, 2010

ကြယ်နှင့်အတူ

အဲဒီနေ့လေးဆီကပေါ့ ရသတွေ အရည်ဖျော်ပြီး ပျော်ရွှင်မှုတွေကို ကြယ်လေးက ခေါ်ဆောင်လာခဲ့တယ်။

စိတ်တွေခေါက်တုံ့ခေါက်ပြန်နဲ့ အဲဒီနေ့ရဲ့ rhythm တွေနဲ့အတူ ကခုန်ပျော်မြူးတော့ ဘယ်သူခေါ်ခေါ် ပြန်မထူးမိဘူး။ 

အဲဒီနေ့လေးမှာပေါ့ ကြယ်လေးက နက္ခတ်တေးသွားတွေနဲ့ နွေးထွေးတဲ့လက်တစ်စုံမှာ အလင်းစတွေတပ်ပြီး ကျွန်တော့်မွန်းကြပ်မှုတွေကိုဖြေဖို့ မောဟတွေကို သေစေခဲ့တယ်။ 

အလင်းစတွေရယ် ကျေးဇူးတင်လိုက်တာ။ ကျွန်တော်ခူးဆွတ်မိတဲ့ အမှောင်တွေမှာ ကြယ်လေးကသာ အလင်းစတွေနဲ့အတူ ကျွန်တော့ရူးသွပ်မှုတွေကို လူလားမြောက်စေခဲ့တယ်။ 

ရက်စွဲအသေတွေရေ.....နေခဲ့လိုက်တော့။ တကယ်တော့ ချစ်ခြင်းတစ်ခုရဲ့ ရင်ဝှက်တေးဆိုတာ နှစ်ကိုယ်တူဘဝတွေရဲ့ အဝေးမှာမဟုတ်ဘူး။ ကြယ်လေးရဲ့အလင်းရောင်ကြောင့် တွန့်ခေါက်နေတဲ့ ရင်ထဲက တောင်တန်းလေးလည်း ပြေလို့ ဇာပနအသေတစ်ခုလို နိဂုံးချုပ်လို့ရတယ်။ 

တစ်နေ့တော့ ရောက်နိုင်ပါစေ။ ကြယ်လေးရဲ့ ပြတင်းပေါက်တွေကတစ်ဆင့် ဘဝရဲ့ ကံဆင့်ဆင့်ကို ရဲရင့်ခြင်းတွေနဲ့ ဆွဲဖွင့်လိုက်ချင်ပါရဲ့။ 

ကဲ.....အရှေ့ဆီမှာ ဆိုတာဘာလဲ။ မျက်နှာပေါ်မှာ ဘာတွေတင်ကြမလဲ။ ပျော်ရွှင်မှုတွေနဲ့အတူ ချစ်ခြင်းတွေကို တန်ဆာဆင်မလား။ မျက်နှာများတဲ့ ကံဇာတာတွေထက်မှာ တစ်ယောက်ရဲ့တေးသွား တစ်ယောက်ကြားဖို့ ဘယ်မြို့ရိုးရှေ့မှာ မားမားရပ်မလဲ။

ကြယ်လေးရေ.......တွေးမရခြင်းတွေက လက်မှိုင်ချဖို့မလို ကြိုဆိုချင်နေတဲ့ နေ့စွဲတွေအတွက် နေအထွက်မှာ အပြုံးတွေစက်လက်နဲ့  တို့........ပြေးထွက်ကြပါစို့ ။

7 comments:

chit su said...

Friend,

try ur best.


chit su.

Anonymous said...

:).....ကြယ်လေးကို လွမ်းဆွတ်ရင်း အလွမ်းတေးဖွဲ့ ဆို...
လွမ်းချင်းအိုအိုတွေနဲ့ လွမ်းကဗျာတွေ ပျိုးပျိုး ရင်း နေ့ စွဲတွေကို
အပြုံးမပျက် ကြိုနေခဲ့တဲ့ ကြယ်ကိုလွမ်းတဲ့ ကြယ်လွမ်းသူ...
နေ့ သစ်တွေတိုင်းမှာ မျှော်လင့်ခြင်းသစ်တွေနဲ့ ကြယ်လေးကို ငင်ယူနိုင်
ပါစေ...:)
...ခင်မင်မှုများနှင့်...ခင်မာလာအောင်...:)

bravo said...

ကြယ်တွေက ကြယ်လွမ်းသူအတွက် အကောင်းဆုံးအဖော်မွန် ဖြစ်ပါစေ

လသာည said...

မျက်နှာများတဲ့ ကံဇာတာတွေထက်မှာလည်း ကြယ်လေး လှမ်းမမှားပဲ ကြယ်လွမ်းသူဆီရောက်လာနိုင်ပါစေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်ကိုများအပြုံးစက်လက်နဲ့ ထွက်ပြေးကြဦးမလို့လဲ
ကြည့်ရတာ အကြွေးရှင်က တကောက်ကောက်လိုက်နေပုံရတယ်..
ကြယ်ကလေးတော့ ခေါ်မသွားပါနဲ့ ထားခဲ့ပါ။
ကြယ်ကြွေကောက်ချင်လို့း)

blackroze said...

ကြယ်လေးတွေကိုပိုင်ဆိုင်ပါစေနော်..း)

ခင်မင်တဲ့...
Blackroze

Anonymous said...

ပို့စ်ခေါင်းစဉ်ရော ၊ ဘလော့ဂ်နာမည်ရော ၊ တန်းပလိတ်ရော ၃ ခုလုံး ကြည့်လိုက်တာ မျက်လုံးထဲမှာ ကြယ်တွေပဲ မြင်နေတော့တယ်။

မြစ်ကျိုးအင်း

Post a Comment

Recent Comments