Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Sunday, October 31, 2010

ဆေးဖက်ဝင်တေး

ဘယ်အရပ်ကလာလာငါ့ကိုနှိုးပါ
နင်ဟာငါ့ရဲ့ကြယ်တစ်ကောင်
အလင်းရထားတစ်စင်းခုတ်မောင်းသွား
ရင်ခွင်ကြားကချစ်ခြင်းဖွဲ့ဂီတနဲ့အတူ
လူတွေရဲ့ပါးစပ်ပေါက်တစ်နံတစ်လျား
ငါတို့ချစ်ခြင်းတွေမြစ်ဖျားခံတယ် ။
ကဲ.....ဘဝကိုဘာနဲ့ စ ကြမလဲ
လက်ထဲမှာ ဗလာသက်သက်မဟုတ်ပေမယ့်
စိတ်တွေကအဖုံးအကာတွေပြည့်နှက်
ရက်တွေကလည်းဆက်ထုံးတွေများခဲ့ပြီ
ယက္ကန်းစက်ကချည်တွေလို
များပြား၊ လွန်းထိုး၊ ငြိခတ်
အရောင်တောက်နေတဲ့ပိတ်စအတွက်
ငါတို့စိတ်တွေရှုပ်ထွေး
ငါတို့ကမ္ဘာသစ်တေးသွားက
သူတို့ပါးစပ်ပေါက်တွေလောက် မခါးသက်ပါစေနဲ့ ။
အချိန်ဘယ်လောက်ပဲကြာကြာ နင်လာနှိုးပါ
အမှောင်မှာတစ်ယောက်ထဲ ငေါင်ငေါင်နေရတာထက်
အလင်းစတွေရဲ့အလယ်မှာ
ငါ့ရာသီကို သီကျူးခွင့်ပေးပါ
ငါ့တို့တေးသွားငါတို့ကိုယ်တိုင်ကြားဖို့
ငါတို့ဘေးနားငါတို့ဆေးဖက်ဝင်ဖို့
ငါတို့တွေးသလောက်ငါတို့ရောက်ဖို့
ငါတို့ကိုယ်တိုင်သီကုံးရေးဖွဲ့
ဘဝအတွက်ဆေးဖက်ဝင်မယ့်တေးကိုပေါ့ ။

4 comments:

Anonymous said...

ဘယ်အရပ်က လာလာ
ငါ့ကိုတော့ မနှိုးပါနဲ့နော်...
အိပ်ရေးပျက်နေလို့ပါ:P

လသာည said...

ရင်ထဲမှာ အပူတစ်ခွက်..
ကော်ဖီတစ်ပုဒ်နဲ့ ဟန်ရေးပြ။
ခပ်မွမွဖြစ်နေတဲ့ နံပြား..
ပြားငါးဆယ်နဲ့ ရောင်းပါလားဟယ်...

ဆိုင်တာမဆိုင်တာတော့ မသိဘူး။ ဖိုးကြယ်အားကျပြီး အစ်မလည်း ကဗျာစပ်သွားတယ် :D

Anonymous said...

ငါ့ရာသီကို သီကျူးခွင့်ပေးပါ
ငါ့တို့တေးသွားငါတို့ကိုယ်တိုင်ကြားဖို့
ငါတို့ဘေးနားငါတို့ဆေးဖက်ဝင်ဖို့
ငါတို့တွေးသလောက်ငါတို့ရောက်ဖို့
ငါတို့ကိုယ်တိုင်သီကုံးရေးဖွဲ့
ဘဝအတွက်ဆေးဖက်ဝင်မယ့်တေးကိုပေါ့ .............
ကဲ...ဖိုးကြယ်လေးရေ...ကိုယ်တိုင်သီကုန်းပြီး
ကိုယ်တိုင်ဆိုကြ ပါစို့ ။ :)
ဆေးဖက်ဝင် တေးတစ်ပုဒ်ကို မျှော်လင့်ရင်း.
ခင်မင်မှုများနှင့်...ခင်မာလာအောင်...:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တိုင်သီကုံးမဲ့ ဆေးဖက်ဝင်တေးအတွက် အကောင်းဆုံး သံစဉ်များဖြင့် ရေးဖွဲ့နိုင်ပါစေ ဖိုးကြယ်လေး

Post a Comment

Recent Comments