Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Thursday, October 14, 2010

ဗလာပြဇာတ်

ခေါင်းကိုမော့ ရင်ကိုကော့ထားတယ်
ဟိုအရင် ခောတ်ဟောင်းတိမ်တွေရယ်
သက်ငြိမ်တေးသွား တစ်ခုမှာနိုးထ
ကဗျာအစက ဘဝတဲ့ ။
ရင်ကြားစေ့မယ့် တေးသွားထက်မှာ
အကြိမ်ကြိမ်အခါခါရင့်ကျူး
မူးနေတဲ့ကြယ်တံခွန်ပေါ့ ။
ရင်ခွင်အစုတ်တစ်ထည်မှာ
လက်ကြားက ယိုယိုကျတတ်တဲ့
တေးထပ်တွေရှိရာ
ငါပြေးထွက်
မြို့ပြကဗလာသက်သက်တဲ့ ။

2 comments:

Anonymous said...

မြို့ပြက ဗလာသက်သက်
အင်း ကဗျာကိုခံစားသွားပါတယ်ဗျာ

ခင်မင်စွာဖြင့်
ညအလင်္ကာ

Anonymous said...

ရောက်လာခဲ့ပါတယ်...ရှင်။
ဘဝအစ ကိုက ကဗျာတွေနဲ့ 
အသက်ဝင်စေခဲ့တာ....:)
“ဗလာပြဇာတ်” လေး
ခံစားရင်းးးးတွေးရင်းးး
..ခင်မင်လျှက်..ခင်မာလာအောင်...:)

Post a Comment

Recent Comments