Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Monday, October 25, 2010

သုံးဆယ့်ခြောက်နှစ် (၁၉၇၄ - ၂၀၁၀)

 အနတ္တတွေးမရခြင်းက ဒီမှာစပါတယ်။ ဘယ်လိုကြောင့်ပါလိမ့်....။

သူ့ရင်ခွင်ထက်က ပညတ်ချက်တွေက ဝေဝါးနေလို့လား။ အရာရာဟာ အရင်အတိုင်းပါပဲ။ လွဲနေတာက ဘာလဲ။

ကဲတွေးလိုက်ပါဦး။ သူဟာ သူပါပဲ ။ ဒုက္ခတွေကို ပန်းလိုဝေအောင် သူမဆောင်ကျဉ်းခဲ့သလို မျက်ရည်တွေ ပြိုကျခဲ့တဲ့ နေ့စွဲတွေထက်မှာ သူမသာယာခဲ့ပါဘူး။

ဒီနေရာပေါ့...... သူဟာ အရာရာရဲ့ရှေ့မှာ နေပေးခဲ့တာ။ ဘာများ မှားနေလို့ပါလိမ့်....။ တစ်ကယ်တော့ လေရူးတွေတိုက်ခံရတာပါ။ တစ်ကယ်ဆို ဒီနေရာမှာ သူနေဖို့ သူ့ကိုယ်သူ ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။ ထားရာမှာ နေပါတယ်။ စေရာကို သွားပါတယ်။

သူ့ကို မမွေးခင်က အရာရာတိုင်းအတွက်ရော၊ မွေးချင်းတူတဲ့ အရာရာတိုင်းအတွက်ရော၊ နောက်မှမွေးဖွားခဲ့တဲ့ အရာရာတိုင်းအတွက်ရော သူဟာ သင်္ကေတ သဘောဆောင်ပေးခဲ့တယ်။ နောင်လည်း သူဟာ အရာရာတိုင်းအတွက် ကိုယ်စားပြုနိုင်လိမ့်မယ် ထင်ခဲ့တယ်။

ကဲ......ခုတော့ဖယ် တဲ့။ ဟုတ်ကဲ့...... ရပါတယ်။ ဖယ်ဆိုလည်း ဖယ်ပါ့မယ်။ အရာရာတိုင်းရဲ့သဘော စစ်ကြောချင်မှ စစ်ကြောမယ်။ လေရူးတွေရဲ့ သဘောထားမှာ လှေတွေပါ လိုက်လူးကုန်ကြပေါ့။

ကဲ...ဟုတ်ပါပြီ သူ့ထက်ကြီးရင့်တဲ့ သူတွေအားလုံးရေ..... သူနဲ့ရွယ်တူမိတ်ဆွေတွေရေ..... သူ့ထက်ငယ်တဲ့ ညီ၊ ညီမလေးတို့တွေရေ..... နှုတ်ဆက်ပါတယ်။ သူဒီနေရာမှာ မရှိတော့ပေမယ့် အရာအားလုံးရဲ့ရင်ထဲ သူဟာ ထာဝစဉ်အမြဲ ဒီနေရာက ဒီနေရာပါပဲ။ ဒါကို သူလည်းသိပါတယ်။ ဝမ်းနည်းမျက်ရည် နေ့စွဲတွေကို အေးခဲသာထားလိုက်ပါတော့။
                        
" ကဲ...သူလည်း သုံးဆယ့်ခြောက်နှစ်ပြည့်ခဲ့ပြီပဲ..... "

12 comments:

အင်ကြင်းသန့် said...

အင်း....သူကတော့ သုံးဆယ့်ခြောက်နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့တယ်။ သူ့နောက်က တစ်ယောက်တော့ ဘယ်နှစ်နှစ်ခံဦးမလဲ မသိဘူး။

Anonymous said...

လန်းတယ်..
အရေးအသား..

မြတ်မွန် said...

ဘူလဲ..သိဝူး..။
စိတ်ထဲမှာတော့ မကောင်းဘူး..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲ......တာဝန်ကျေအောင် ထမ်းဆောင်ခဲ့တဲ့ အနီရောင်လေးနဲ့ သူမကို ဦးညွှတ်အလေးပြုလိုက်ကြတာပေါ့
ရောင်စုံဝတ်ထားတဲ မော်ဒယ်ဂဲမလးတော့ ဘယ်လိုနေမယ်မသိ။

လင်းမြကြည်ဖြူ said...

ကျွန်မလဲ သူ့ကို အမြဲသတိရနေမှာပါ
ကံမကုန်ရင် ပြန်ဆုံတွေ့ချင်ပါသေးတယ်...
စိတ်မကောင်းတကယ်ဖြစ်မိပါတယ်..

လွမ်းနက် said...

အရေးအသားကောင်းပါတယ်...အမှတ်တရကျန်တာပေါ့.....ကျွှန်တော်လဲ..စိတ်မကောင်းပါဘူး...

ကြယ်ရောင်မှတ်စု said...

ဟုတ်တယ် ကိုလွမ်းနက်ရေ....ထပ်တူထပ်မျှပါပဲဗျာ...
ခင်တဲ့(ဖိုးကြယ်)

မြစ်ကျိုးအင်း said...

အချိန်အခါရောက်ရင် ပြန်ဆုံတွေ့အုံးမယ်လို့ ယုံကြည်ထားပါတယ်။
သူက ထာဝရ နှလုံးသားထဲကပါပဲ။
ပြောမိတဲ့သူတိုင်း စိတ်မကောင်း ဖြစ်ကြပါတယ်။
ဟုတ်တယ်.. လေရူးတွေ အတိုက်ခံရတာ။

blackroze said...

ကျမလည်းစိတ်မကောင်းဘူး..star လေးရေ..
ဒါပေမဲ့လည်းဘာမှမတတ်နိုင်ဘူးလေ..

Anonymous said...

ဟုတ်ပါတယ် နှလုံးသားထဲစိုက်ထူခဲ့ပြီးသားမို့  နှလုံးသားထဲမှာတော့ ထာဝရအသိမှတ်ပြုနေအုံးမှာပါ။ ပြောင်းလဲခြင်းတိုင်းကိုလည်း နှလုံးသားကအသိမှတ်ပြုလို့ မှမရတာပဲလေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။
သေချာတာက အချိန်တွေသာ ကုန်သွားမယ်။
သူ့ ရဲ့ ပုံရိပ်တွေကတော့ ဝါးသွားမှာ မဟုတ်ပါဘူးးး။
:)...ခင်မင်လေးစားလျှက်...ခင်မာလာအောင် ...:)

Unknown said...

ဖိုးကြယ် သံဃောဇဉ်ပေါ့ ကောင်လေးရာ။ ကိုယ်သိတတ်စကတဲက လေးစားချစ်ခင် တန်ဖိုးထားလာရတဲ့ အရာဆိုတော့လည်း...

ဒါပေမယ့်လည်း အနိစ္စသဘောပါပဲ..။ ကိုယ်တွေလည်း တနေ့ ဒီကမ္ဘာကနေ ပျောက်ရဦးမှာပဲဆိုတော့..

တရားနဲ့သာ ဖြေသွားတယ် :D

Post a Comment

Recent Comments