တိမ်မျှင် တိမ်စတွေနဲ့ တံလျှပ်ရောင် တောက်နေတဲ့ဘ၀မှာ
ကမ္ဘာ လုံးတာ ပြားတာ ဋီကာမဖွဲ့အားဘူး
မိုးလင်းလာတိုင်း သက်ပြင်းတွေ ကပ်ပါလာတာလောက်
အာရုံနောက်တာ မရှိဘူး။
ဗလာအင်္ကျီတစ်ထည်မှာ အိပ်ကပ်ထဲကို နေလာလာကြတ်တယ်
၂၃ ၁/၂ံ တိမ်းစောင်းနေတဲ့ဘက်မှာ နေပြီး
ဘာဆိုဘာမှ စီးဝင်မလာတာ ခက်လှပေါ့။
ကောင်းကင်ရယ် မြေကြီးရယ်ကြား
နင်းပြားဖြစ်မသွားဖို့
နှာခေါင်းကို မော့မော့ထားရတယ်။
ကမ္ဘာရယ် ငါရယ်
ဖြစ်ပြီးပျက်ပျက်သွားတဲ့ မှုန်မှုန်မွှားမွှားတွေရယ်
ဖြစ်ပြီးပျက်ဖို့ကြာနေတဲ့ ဒုက္ခအကြီးကြီးတွေရယ်
မျိုချလိုက်တိုင်း ရင်ထဲကို နင်ဝင်သွားတတ်တဲ့
ခံစားချက် လက်တစ်ဆုပ်စာရယ်
တကယ်တော့ ဘ၀ဟာ ဒါ လို့ မပြောချင်ဘူး။
ပစ္စလက်ခတ်နဲ့ မဖြစ်လာသေးတဲ့ဘ၀မှာ
ကမ္ဘာ၊ ငါနဲ့ကောင်းကင်ပြာကို ဖွင့်ဆိုမယ့်တေးသွား
အကြိမ်ကြိမ်နာကြားဖို့
မနက်ခင်းတွေကို တွန်းတွန်းဖွင့်တိုင်း
ဘ၀ဟာ အရိုင်းဆန်နေတယ်။ ။
၂၉၁၁၂၀၂၅
-
ခုရက်တွေ အလုပ်များလွန်းလို့ ဒီတပတ် ကျောင်းပိတ်ပြီးသွားတာတောင် အလုပ်တွေ
မပြတ်ဘဲ ကွန်ပြူတာအိမ်သယ်လာရတဲ့အထိပဲ။ စာသင်ရတာအပြင် comm workလို့ ခေါ်တဲ့
ကော်မီတီအလု...
3 days ago



2 comments:
နှာခေါင်းကိုမော့မော့ထားရတာ မြေကြီးမှာ ခွေးချေးတွေ တွေ့လို့လား...ကဖိုး
ကြယ်.... :P
စကားလုံးတွေအင်နဲ့အားနဲ့ ကဗျာလေးကတကယ်ဒန်တယ်....
Post a Comment