Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Wednesday, July 27, 2011

ကျွန်တော်ကြိုက်၏မကြိုက်၏


"ကြိုက်၏မကြိုက်၏" တဲ့။ ကိုကြီးကိုမောင်လေး က တဂ်ထားတယ်။ ရေးမယ် ရေးမယ်ပေါ့လေ။ ဆိုတော့ကာ ကိုယ့်မှာလည်း ကြိုက်တာလေးတွေရော မကြိုက်တာလေးတွေရော ချရေးကြည့်လိုက်မိတယ်။ အဲဒီထဲကမှ တစ်ချို့အချက်လေးတွေကိုပဲ တင်လိုက်တော့မယ်။ ကြိုက်တာတွေ မကြိုက်တာတွေက သိပ်အများကြီးမရှိဘူးတော့ ထင်တာပါပဲ။ ကိုမောင်လေးရေးသလိုပဲ ရေးလိုက်တော့မယ်။ 

အရင်ဆုံးကတော့ ကိုယ်ခန္ဓာ ပေါ့လေ....
ဗလတောင့်တောင့် အဖုအထစ်တွေ မရှိပေမယ့် အဲလိုရှိတဲ့လူတွေကို အားကျပါတယ်။ အဲ ...... အဲလိုရှိချင်လား ဆိုတော့လည်း မရှိချင်ပြန်ဘူး :) ။ အသားမဲတဲ့လူတွေ ညိုတဲ့လူတွေအပေါ် ဘယ်လိုမှ မခံစားရပေမယ့် ကိုယ်ကတော့ နေပူထဲထွက်တာများလို့ အရောင်ပြောင်းရင် မကြိုက်ချင်တဲ့သူပေါ့ :) ။  အရပ်ရှည်တာကို နှစ်သက်ပေမယ့် ကိုယ့်လောက်ရှည်တာတော့ မကြိုက်ချင်ပြန်ဘူး :) ။ ၅ပေနဲ့ ၁၀လက်မလောက် ရှိမယ်ထင်တာပဲ :)။ အရမ်းပိန်ကပ်နေတာကို မကြိုက်ပေမယ့် ကိုယ်ကကို အဲလို ခပ်ပိန်ပိန်ရယ် :P ။ ဆံပင်ကတော့ အမြဲတန်း ခပ်တိုတိုပဲ ထားဖြစ်တယ်။ ဆံပင်ရှည်တွေကို နှစ်သက်တယ်။ ကိုယ်တိုင်လည်း ထားခဲ့ဖူးတယ်။ ၂၀၀၄ လောက်တုန်းက ဆံပင်က ကျောလောက်နီးပါး ရှိခဲ့ဖူးတယ်။ ဆံပင်ရှည်လာတော့ စိတ်ပိုရှုပ်လာသလို ခံစားရလို့ ပြန်တိုလိုက်တာ ဒီနေ့ထိပဲ။

အပြုအမူ
 ဘယ်နေရာပဲသွားသွား ဘေးဘီသိပ်မကြည့်တတ်ဘူး။ မတတ်သာလို့ကြည့်ရင်လည်း လမ်းကူးဖို့ ကားတို့ဆိုင်ကယ်တို့လောက်တော့ ကြည့်တယ်။ အဲဂလိုပေမယ့်လည်း အကွေ့မှာဝင်တိုက်တဲ့ ဇာတ်လမ်းလေးတွေ ဘာတွေ လုံးဝလုံးဝ မရှိခဲ့ဘူး။ စိတ်ညစ်စရာပဲနော် :) ။ နောက်တစ်ခုက လက်…. ဘယ်နေရာထားရမှန်းကို မသိဘူး။ တစ်ခါတစ်လေမှာ ဒီလက်က တော်တော်ရှုပ်တယ်။ နောက်ထပ်တစ်ခုက ရယ်တဲ့အခါ တော်တော်ဂွကျရတယ်။ အူလှိုက်သည်းလှိုက်ရယ်ဖို့ ပါးစပ်ကို အကျယ်ကြီးဖွင့်ရမှာ နှမျောသလိုသလို ဘာလိုလိုနဲ့ လက်နဲ့ပိတ်ပိတ်ပစ်တတ်တာ... အဲဒါကိုက ဂွကျနေတာ :) ။

အစားအသောက်
အမဲသားတော့ သိပ်မစားဖြစ်ဘူး။ တခြားဟာဆိုရင်တော့ ဆင်တဲကဖေးက သူငယ်ချင်း ပုံမှန်ရေးတဲ့ တွဲဖက်စားသုံးရန်မသင့်တဲ့ အရာတွေပဲ ရှောင်တယ် :)။ အထူးသဖြင့်တော့ အာလူးနဲ့ လက်ဖက်ကို ကြိုက်တယ်။ ဘာလိုလို ညာလိုလိုအသားတွေ စားမရဘူး။ ကြွက်တို့ ကြောင်တို့ ဖားတို့ ဘာညာကွိကွတွေပေါ့။ အိမ်ကလည်း မစားဘူး။ ကိုယ်တိုင်ကလည်းမကြိုက်ပေဘူးလေ :) ။ အဲ..ထွေလီကာလီ သုတ်တာလေးတွေတော့ ကြိုက်တယ်။ မြန်မာပြည်ကို အလည်ပြန်သွားတုန်းက ဆွမ်းဦးပုညရှင်ကို ရောက်တော့ ထမင်းဆိုင်မှာ ကြောင်လျှာပွင့်သုပ်တို့၊ တရုပ်စကားပွင့်သုပ်တို့ရတယ်လည်း ဆိုရော ကြိတ်လိုက်တာ ညနေမန္တလေး ပြန်ရောက်တော့ အစ်မရွှေစင်ဦးတို့ ဖိတ်ကျွေးတဲ့ ဟင်းပေါင်းမျိုးစုံနဲ့ ညစာထမင်းကိုတောင် အနိုင်နိုင်စားယူရတယ် :) ။ အသားတွေထက် အရွက်တွေပိုကြိုက်တဲ့သဘောပေါ့။

အဝတ်အစား
လက်တို လုံးဝမကြိုက်ဘူး။ ပူမှဝတ်တယ်။ မပူရင် လုံးဝမဝတ်ဘူး :) ။ အထူးသဖြင့် လက်ရှည်ကို Alter  Shirt လေးတွေ ပိုကြိုက်တယ်။ ဝယ်ထားသမျှလည်း အဲလိုတွေချည်းပဲ။ အရောင်ကတော့ အနက်၊ အဖြူနဲ့ မီးခိုးရောင် ခပ်မှိုင်းမှိုင်းတွေ ဝယ်ဖြစ်တယ်။ နောက် Jean  Pant ကို သိပ်ကြိုက်တယ်။ စတိုင်ကတော့ ဒေါက်ပျောက်လောက်ပဲ ဝယ်ထားတယ်။ သိပ်လည်းမကြိုက်တော့ သိပ်လည်းမဝတ်ဖြစ်ပါဘူး။ ထူးထူးရှယ် ကြိုက်တာကတော့ ဦးဂျမ်းပုဆိုး အကွက်စိပ်လေးတွေပါ။ အိမ်ပြန်ရင် အဖေက အသစ်လေးတွေ ဝယ်ထားတယ်။ သားလေးပြန်လာရင် ဝတ်ဖို့တဲ့။ အရောင်လေးတွေက ကျနော့်အကြိုက်တွေချည်းပဲ :) ။ အဲဒါကြောင့် ကျနော့်အဖေဖြစ်နေတာနေမှာ :) ။ ဒီနေရာမှာတော့ ကိုဂျီးကိုမောင်လေး နဲ့ တော်တော်တူတယ်ပြောရမယ် :) ဦးဂျမ်းကြိုက်တာခြင်းပေါ့။ မြန်မာဖိနပ်ဆိုရင်တော့ အောကတီပါ ဇီးရောင်ပေါ့။ ဂျင်းနဲ့ဆိုရင်တော့ All Star ကိုကြိုက်တယ်။ ကိုယ်က မင်းသားလည်း မဟုတ်တော့ အဲဒီလောက်ပဲ ဆင်ဖြစ်တယ်လေ :) ။

ကဲ…ကိုမောင်လေးရေ...ကြိုက်၏မကြိုက်၏ တွေကတော့ တတ်သလောက်မှတ်သလောက် ဒါအကုန်ပဲဗျို့ :) ။ အဲဒါကတော့ အနှီမောင်ဖိုးကြယ်ရဲ့ ရှိတာအကုန်ထုတ်ကြွားရခြင်းပါ။ ဒါပါပဲ….တော်သေးပြီ :P ။


8 comments:

Anonymous said...

"အူလှိုက်သည်းလှိုက်ရယ်ဖို့ ပါးစပ်ကို အကျယ်ကြီးဖွင့်ရမှာ နှမျောသလိုသလို ဘာလိုလိုနဲ့ လက်နဲ့ပိတ်ပိတ်ပစ်တတ်တာ.."

အေးပေါ့လေ ယောကျာ်းလေးဆိုတော့လည်း အဲသလို အိမ်ဒရေရရ နေရမှာပေါ့...:P :P

psq

blackroze said...

ယောက်ကျားလေးဆိုပြီး..အဲလောက်လည်းအရှက်မကြီးပါနဲ့အေ.. :P

မိန်းကလေးတွေရယ်သလိုလိုဘဲ...ပါးစပ်ကြီးကိုအကျယ်ကြီးဖွင့်ပြီး..

ဟားဟားဟားလို့..အော်ရယ်ကြည့်လိုက်စမ်းပါအေ..

ဘယ်လောက်များလွတ်လပ်ပေါ့ပါးသွားမလဲလို့...


ခင်တဲ့...Blackroze

Anonymous said...

လူက ပိန်ပိန် အရပ်က အရှည်ကြီး အသားမဲမဲ ဆံပင်က ကျောလောက်ရှိတယ် ဆိုတော့ ... အမလေး ...

မြတ်မွန် said...

ဦးဂျမ်းပုဆိုး အကွက်စိပ်လေးတွေပါ။ အိမ်ပြန်ရင် အဖေက အသစ်လေးတွေ ဝယ်ထားတယ်။ သားလေးပြန်လာရင် ဝတ်ဖို့တဲ့။ အရောင်လေးတွေက ကျနော့်အကြိုက်တွေချည်းပဲ :) ။ အဲဒါကြောင့် ကျနော့်အဖေဖြစ်နေတာနေမှာ :) ။ ဒီနေရာမှာတော့ ကိုဂျီးကိုမောင်လေး နဲ့ တော်တော်တူတယ်ပြောရမယ် :) ဦးဂျမ်းကြိုက်တာခြင်းပေါ့။ မြန်မာဖိနပ်ဆိုရင်တော့ အောကတီပါ ဇီးရောင်ပေါ့။ ဂျင်းနဲ့ဆိုရင်တော့ All Star ကိုကြိုက်တယ်။ ကိုယ်က မင်းသားလည်း မဟုတ်တော့ အဲဒီလောက်ပဲ ဆင်ဖြစ်တယ်လေ :) ။

ဂွတ်ဂွတ်..
ခင်တဲ့
မွန်

ညိမ်းနိုင် said...

ဆံပင်ခါးလည်လောက်၊အကျီင်္ကလည်းလက်ရှည်ကြီးနဲ့... တွေးကြည့်တာနဲ့တင် အိုက်လိုက်တာဖိုးကြယ်ရာ.....:)၊အာလူးနဲ့လက်ဖက်ကြိုက်တယ်လား...၊ဟန်
ကျတယ်...အကုန်သက်သာတာပေါ့....:D၊ရေးပေးတာကျေးဇူးတင်တယ်ညီရေ့။

လသာည said...

ပါးစပ်အကျယ်ကြီး ဖွင့်ရယ်ရမှာ နှမြောတယ်ဆို စောစောက ပြောပါတော့လားကွာ။
"လသာည အရယ်ဌားပါတယ်" ၀ါးဟား (^0^)

မအိမ်သူ said...

ကြိုက်တာတွေ မကြိုက်တာတွေ လာရောက်ဖတ်ရှုမှတ်သားသွားပါတယ်။ လင့်လဲယူသွားတယ်နော်။ ရယ်ဖို့နှမြောတတ်တဲ့သူ အခုမှတွေ့ဖူးတယ်မှတ်တယ်.. :D :))

Cameron said...

ကြယ်လွမ်းသူရဲ့ အကြိုက်တွေ မကြိုက်တာတွေကို လာဖတ်သွားတယ်...။ ပါးစပ်ပိတ်ပြီးရယ်တယ်ဆိုတော့ တစ်ခုခုဖြစ်လို့လား...ဟို...ရှက်တတ်လို့များလားလို့...း))

Post a Comment

Recent Comments