Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Sunday, December 12, 2010

ကျေအေးစေကြောင်းကဗျာ

တစ်ရက်တစ်ရက်နဲ့
နိစ္စဓူဝဆက်ထုံးတွေကြား
ချစ်သူ့အနားဖဝါးဘယ်လိုထပ်ရပါ့
နေ့ရက်တွေခါးတယ်........
လေပြေအလာမှာပွင့်မယ်လို့
ကိုယ့်ကိုကိုယ်ပြန်သီရပေါင်းများပြီ
တစ်ကယ်တော့သံစဉ်တွေသီကျူးရင်း
ကိုယ့်စောင်းကြိုး ကိုယ်ပြန်ဖြတ်မိသလို
တမ်းတမှုတွေကိုအဖော်လုပ်ရင်း
မျှော်လင့်ချက်တွေတစ်ဖြုတ်ဖြုတ်ကြွေကျ
စေလိုရာစေဘဝမှာ
ချစ်သူနဲ့ငါရေလိုက်လွဲ
နေ့ရက်တွေတိုင်းမိုးသဲနေတယ် ။
မသာယာတဲ့နေရက်တွေရေ.......
ကံကြမ္မာလေချိုပြန်အသွေးမှာ
အစိမ်းရောင်နေ့ရက်တွေစတေးနိုင်ဖို့
ဆုံနိုင်ခွင့်သံချိုတေးဖွဲ့
ဒီကဗျာနဲ့အတူကျေအေးလှည့်တော့....။

10 comments:

မေပယ်လ် said...

ကဲ..ကဲ...
ကျေအေးလိုက်ပြီတဲ့
ပြောခိုင်းလိုက်လို့ လာပြောတာ..
ဖိုးကြယ်လေးရေ:D

ညိမ်းနိုင် said...

ကျေပါတယ်...မအေးစိန်..အဲ ကဖိုးကြယ်...:)။

ခင်မာလာအောင်(so cool ) said...

ကျေအေးပေးလိုက်ပါတော့လားးးး

ချော(အစိမ်းရောင်လွင်ပြင်) said...

နေ့ရက်တွေတိုင်း မိုးမသဲခိုင်းနဲ့တော့ ဒီမှာ မိုးဆက်တိုက်ရွာနေတာ ၃ရက်ရှိပြီ
တော်ပြီ တိတ်ခိုင်းလိုက်တော့
ရေမချိုးရဘဲဖြစ်နေမယ်း) ကဗျာထဲက စာသားတစ်ချို့ သဘောကျတယ်..

မြစ်ကျိုးအင်း said...

ကောင်မလေးစိတ်ကောက်နေချိန် ဒီကဗျာပေးလိုက်လို့ကတော့
ကျေအေးသွားမှာ သေချာတယ်။ ဖိုးကြယ်ကိုရော အခုကြေအေး သွားပြီလား။

အဖြူရောင်နတ်သမီး said...

သူက ဘာပြန်ပြောလဲ..
ကျေအေးပြီတဲ့လား...

Maung Myo said...

ဒီကဗျာလေးဖတ်ပြီး သက်ဆိုင်သူက ကြေအေးမှာပါဗျား)

Unknown said...

ကျေသွားပြီလားး))

blackroze said...

ကဲ..ကျေစေအေးစေဗျား...

Anonymous said...

ရောက်တယ် အလွမ်းပိုတတ်သူလေးရေ .. :)
" HAPPY MERRY CHRISTMAS " ပါ
ပျော်ရွှင်ပါစေ။ အဆင်ပြေပါစေ။ အလွမ်းတွေနဲ့ ဝေးလို့ 
ချစ်သူနဲ့  နီးပါစေ။ :)
..ခင်မင်လျှက်...ခင်မာလာအောင် :)

Post a Comment

Recent Comments